Ep-2

4.3K 332 18
                                    

Unicode Version

နေရောင်လွှမ်း၊နေဘုန်းခန့်နှင့်နေရှိုင်းသွင်.....။

အထက်တန်းကတည်းကခင်မင်လာသည့်သူငယ်ချင်းသုံးယောက်ဖြစ်ပြီးတက္ကသိုလ်တက်သည့်အခါတွင်လည်းကျောင်းအတူတူပင်ရွေးဖြစ်ကြသည်။နေရောင်လွှမ်းကComputer Scienceမေဂျာ၊နေရှိုင်းသွင်ကIRမေဂျာနှင့်နေဘုန်းခန့်ကတော့E Majorယူထားကြသည်။

တက္ကသိုလ်ဝန်းတွင်သူတို့သုံးယောက်မှာအတော်အသင့်နာမည်ကြီးလေသည်။သူတို့သုံးယောက်၏ နာမည်တွင်နေတစ်လုံးစီပါသည်ကိုအစွဲပြု၍အချို့ကဤကဲ့သို့ဆိုတတ်ကြသည်။

•နေသုံးစင်းအပြိုင်လင်းရင်ပြိုင်ဘက်ကင်းမယ်•

သူတို့သုံးယောက်အတူရှိနေချိန်ဆိုလျှင်တော်ရုံလူများကမည်သည့်ကိစ္စတွင်မဆိုဖက်မပြိုင်ရဲကြပေ။ထို့အပြင်ထိုသုံးယောက်၏သွင်ပြင်ကမိန်းမချောလေးများ၏အာရုံကိုအပြည့်အဝဖမ်းစားနိုင်စွမ်းရှိလေသည်။

လက်ရှိမှာသုံးယောက်လုံးဟာဒုတိယနှစ်ကိုတက်ရောက်နေပြီဖြစ်ရာခင်မင်သူအမြောက်အမြားရှိလာသော်လည်းတစ်ခုခုဆိုလျှင်သူတို့သုံးယောက်သာစိတ်ချင်းနီးကြသည်မို့အခြားလူများနှင့် အလွန်အမင်းရောထွေးခြင်းမရှိပေ။

အခုလည်းရင်ထဲကဒဏ်ရာတွေကိုလျော့ပါးစေရန်အတွက်နေရောင်လွှမ်းမှာနေဘုန်းခန့်နှင့်နေရှိုင်းသွင်ကိုရင်ဖွင့်ဖြစ်သွားသည်။နေဘုန်းခန့်နှင့်နေရှိုင်းသွင်မှာသူငယ်ချင်းဖြစ်သူအာရုံပြောင်းသွားစေရန် အလို့ငှါBarထဲရှိမိန်းကလေးအချို့နှင့်မိတ်ဆွေဖွဲ့ကာစကားပြောစေသော်လည်းနေရောင်လွှမ်းကတော့အမူးသောက်ဖို့သာအာရုံရနေပုံပေါ်သည်။

ထို့နောက်ထိန်းမရတော့သည့်အဆုံးတွင်တော့နေရောင်လွှမ်း၏ဖုန်းကိုယူကာဦးဘုန်းသျှန်ထက်ဆီကို ဖုန်းခေါ်လိုက်သည်။တစ်ဖက်ကချက်ချင်းဖုန်းကိုင်လာသောအနေအထားအရတစ်စုံတစ်ယောက်ထံမှဖုန်းခေါ်လာမည်ကိုစောင့်နေသည်ဟုကောက်ချက်ချမိလိုက်သည်။

ALL I EVER NEED (Completed)Where stories live. Discover now