Ep-15

1.9K 145 10
                                    

Unicode Version

“ဒီတော့မင်းကဘာလုပ်ချင်လဲ”

ဘုန်းသျှန်ထက်နှင့်ကျော်သူရမှာကျော်သူရ၏ရုံးခန်းထဲတွင်ရှိနေကြပြီးဘုန်းသျှန်ထက်က ရာဇာကျော်၏ကိစ္စနှင့်ပတ်သက်၍ပြောပြနေသောကြောင့်ကျော်သူရကမေးလိုက်ခြင်းဖြစ်သည်။

“မသိဘူး အဲ့လူအခုတလောဘာအကွက်ရွှေ့နေမှန်းကိုနားမလည်ဘူး ကလေးရဲ့ရှေ့ကိုလည်း တည့်ထွက်မလာဘူး ငါထင်တာတော့သူတစ်ခုခုကိုရှာနေတယ် တစ်ခုခုကိုစုံစမ်းနေတယ်”

ဘုန်းသျှန်ထက်မှာပြောနေရင်းဖြင့်တစ်စုံတစ်ခုကိုသွားတွေးမိပြီးမျက်နှာပျက်သွားရသည်။ ကျော်သူရကလည်းဘုန်းသျှန်ထက်၏အရိပ်အကဲကိုချက်ချင်းဖမ်းမိလိုက်သည်။ ထို့ကြောင့် ဘုန်းသျှန်ထက်ကိုခေါင်းခါပြ၍ပြောလေသည်။

“မင်း လျှောက်မတွေးစမ်းပါနဲ့ကွာ”

“မဟုတ်ဘူး အဲ့ဒါဖြစ်နိုင်တယ်ကွ ငါ သူ့သားအပေါ်ဘယ်လိုသဘောထားလဲဆိုတာသာသိရင် ငါ့ကိုအလဲထိုးနိုင်မယ့်နည်း သူရမှာ…ကျစ် ငါသိပြီ ဒီလူကကလေးအနားကိုကပ်နေတာ ကလေးကိုအန္တရာယ်ပေးဖို့လည်းမဟုတ်ဘူး အမွေကိစ္စကြောင့်လည်းမဟုတ်ဘူး ငါ့ကိုသက်သက်လက်စားချေချင်တာ ငါ့ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာပြိုလဲသွားစေချင်နေတာ အဲ့ဒါကြောင့်..”

“ဖြစ်နိုင်ချေနည်းပါတယ်ကွာ သူ့သားကိုသူ့အနားခေါ်ထားချင်လို့လုပ်နေတာမဟုတ်ဘူးလား”

ကျော်သူရ၏စကားကြောင့်ဘုန်းသျှန်ထက်ကခေါင်းတခါခါလုပ်၍ဆက်ပြောလေသည်။

“အဲ့လိုဆိုရင်လည်းငါ့အတွက်ကောင်းတာမှမရှိတာ ဒါပေမယ့်ငါပြောတာပိုဖြစ်နိုင်တယ် သူကတစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်ချင်နေတာ အဓိက ကငါ့ကိုလက်စားချေဖို့ တကယ်လို့သာ ငါ ကလေးကိုချစ်နေတာသူသိသွားရင်ဒါကိုအားနည်းချက်အနေနဲ့အပိုင် ကိုင်ထားတော့မှာ ငါကဘာမှမဖြစ်ပါဘူး လွှမ်းလေး..သူတစ်ခုခုနစ်နာသွားမှာငါမလိုလားဘူး”

“ဒါဆိုနည်းလမ်းမရှိတော့ဘူး သူဘာမှသံသယမဖြစ်ခင်အဲ့ကောင်လေးကိုအိမ်ထောင်ချပေးလိုက် ဟုတ်ပြီလား”

ALL I EVER NEED (Completed)Where stories live. Discover now