💕Eternally Love 💕[Part 13]💕

2.6K 303 12
                                    

Zawgyi❣️❣️❣️
Jimin Taehyung ပေးတဲ့စာကိုဖွင့်ကာဖတ်ကြည့်ခဲ့တုန်းက

"Jimin မင်းဘာလို့ကျောင်းမတက်ရတာလဲ၊ ငါမသွားခင်လေး မင်းမျက်နှာလေးကိုမြင်သွားချင်ခဲ့မိတာ ငါ့ဆုတောင်းမပြည့်ခဲ့ဘူးပဲ၊၊
မင်းဒီစာကိုဖတ်နေတဲ့အချိန်ငါဒီမြို့မှာ ရှိတော့မယ်လို့မထင်ဘူး၊၊ ငါကမင်းနဲ့ မျက်နှာချင်းဆိုင်ပြီး လေးလေးနက်နက်နှုတ်ဆက်ချင်ခဲ့တာ၊၊ဒါပေမဲ့လည်းစာနဲ့နှုတ်ဆက်တာက ငါရောမင်းအတွက်ပါ ပိုကောင်းပါတယ်၊ ဘာလို့ဆိုမင်းမျက်နှာကို ငါကြည့်ပြီးနှုတ်ဆက်စကားသာပြောရရင် ငါပြောထွက်မှာမဟုတ်ဘူးထင်တယ်၊၊
Jimin မင်းနဲ့ငါနဲ့ကခင်ခဲ့တာက 2 လလောက်ပဲရှိသေးတယ်ဆိုပေမဲ့ ငါမင်းကိုနှလုံးသားနဲ့ရင်းပြီးတကယ် ခင်ခဲ့တာဆိုတာ မင်းယုံကြည်စေချင်တယ်၊၊
မင်းကိုစတွေ့တဲ့အချိန်တုန်းက ကြောက်လွန်းလို့ ခန္ဓာကိုယ်လေးကတုန်နေပြီး ငါ့အကျီစကိုဆွဲကာ အားကိုးတကြီးကြည့်ခဲ့တဲ့ မင်းမျက်လုံးလေးတွေကို ငါအခုထိမေ့လို့မရသေးဘူး၊၊ ဘယ်တော့မှလည်းမေ့နိုင်မယ်လို့မထင်ဘူး၊၊
Appa ကလွဲရင် ဘယ်သူကိုမှဂရုမစိုက်တတ်တဲ့ ငါက မင်းနဲ့တွေ့ပြီးမှ လူ‌တွေကိုဂရုစိုက်တတ်လာတယ်၊၊ ပြုံးတတ်လာတယ်၊၊ ငါ့ဘဝကမင်းနဲ့ Appa ကြောင့်ပျော်ရွှင်မှုဆိုတဲ့အရာကို စတင်ခံစားတတ်လာတယ်၊၊ အဲ့တာမို့ငါ့ဘဝရဲ့ပျော်ရွှင်မှုအစကို ငါဘယ်တော့မှမေ့သွားမှာမဟုတ်ပါဘူး၊၊
ငါအခုဘယ်သွားတာလဲဆိုတာ မင်းကိုအတိအကျမပြောနိုင်ဘူး၊၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာလည်းအတိအကျမပြောနိုင်ဘူး၊၊ ဒါပေမဲ့ငါပြောနိုင်တာတစ်ခုက မင်းကိုငါပြန်လာရှာမှာဆိုတာပဲ၊၊
Appa ကပြောတယ် မင်းနဲ့ငါ ရေစက်ရှိရင်ပြန်ဆုံလိမ့်မယ်တဲ့ ငါကတော့ရေစက်ဆိုတဲ့အရာကိုမယုံကြည်ဘူး၊၊ရေစက်မရှိလည်း ငါကမင်းကိုမရရအောင်ပြန်လာရှာမှာမို့လို့ မင်းငါ့ကိုစောင့်နေပါ Jimin ငါသေချာပေါက်ပြန်လာရှာမယ် မင်းငါ့ကိုယုံကြည်တယ်မလား Jimin.
မင်းနဲ့ငါတစ်ချိန်ကျရင်သေချာပေါက်ပြန်ဆုံကြမယ် ငါ့ကိုမေ့မသွားပါနဲ့နော် Jimin.......
Jimin ရဲ့ Jung Kook"

****************
Jm.pov:ဟက် Jung Kook မင်းလိမ်နေတာ၊၊ မင်းကငါ့ကိုဘယ်တော့မှ ထားသွားမဲ့သူမဟုတ်ဘူး၊၊ ထားသွားခဲ့လို့လဲမရဘူး၊၊
မင်းပြောခဲ့တယ် ငါ့ကိုနှလုံးသားနဲ့ရင်းပြီးခင်ခဲ့တာတဲ့၊၊ ငါကတော့မင်းကို နှလုံးသားနဲ့ရင်းပြီးခင်ခဲ့တာမဟုတ်ဘူး၊ နှလုံးသားနဲ့ရင်းပြီးချစ်ခဲ့ရတာ၊၊
စတွေ့ထဲကငါ့ကို အရက်မူးသမားတွေလက်ထဲက ကယ်တင်ခဲ့တဲ့မင်းကို ငါရင်ခုန်ခဲ့ရတာ၊၊

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now