💕Eternally Love 💕[Part 15]💕

2.7K 302 8
                                    

[Zawgyi❣️❣️]

Jung Kook Busan ရောက်တော့ 12 နာရီဖြစ်နေပြီ ဒါတောင်မြို့ထဲမဝင်ရသေးဘူး Jimin တို့အိမ်ကိုရောက်ရင်တော့အချိန်က 1 ကျော်လောက်ဖြစ်သွားမယ်ထင်တယ်၊၊

မနက်ထဲက Jimin ကိုတွေ့ချင်စောနဲ့မလို့ မနက်စာတောင်မစားခဲ့ဘဲ စောစောထွက်လာခဲ့တာ၊၊အခုဗိုက်ကဆန္ဒပြနေပြီ၊၊ဒါပေမဲ့ သူစားလို့မဖြစ်သေးပါဘူးလေ၊၊Jimin ကိုတွေ့ဖို့သူအချိန် 1 မိနစ်တောင်ပိုမစောင့်ချင်တော့ဘူး၊၊

လွန်ခဲ့တဲ့နှစ်တွေအတွင်း သူ့စိတ်ကိုသူနားလည်လာခဲ့တယ်၊၊သူ Jimin ကိုသူငယ်ချင်းလိုခင်ခဲ့တာမဟုတ်ခဲ့ဘူးဆိုတာကိုသိခဲ့တယ်၊၊
Jimin ကကျွန်တော်ကလွဲပြီး တခြားသူကိုစောင့်ရှောက်ပေးတာတို့၊ဂရုစိုက်ပေးတာတို့ဆိုရင်ကျွန်တော်မကြိုက်ဘူး၊၊ပြီးတော့ Jimin ကိုကျွန်တော့်ရှေ့မှာပဲ ပြုံးပျော်နေစေချင်တယ်၊၊ကျွန်တော်ကလွဲရင်လည်း သူ့ကိုငိုအောင်၊ပျော်အောင်လုပ်နိုင်တဲ့သူ မရှိစေချင်ဘူး၊၊အဲ့တာတွေကို ကျွန်တော် Jimin ကကျွန်တော်ပထမဆုံးခင်ခဲ့ဖူးတဲ့ သူငယ်ချင်းမို့လို့ဖြစ်တယ်လို့ ထင်နေမိတာ၊၊သူနဲ့ဝေးတဲ့အချိန်ကျမှ ကျွန်တော်သူ့ကိုအရမ်းတွေ့ချင်နေမိပြီး ထွေးပွေ့ထားချင်မိတယ်၊၊စကားတွေအများကြီးပြောချင်မိတယ်၊၊သူ့ကိုချစ်တယ်ဆိုတာကိုလည်းဝန်ခံချင်မိတယ်၊၊

သူ့ကိုသေမတတ်လွမ်းနေခဲ့တာ၊၊ သူ့ရဲ့အပြုံးလေးတွေ၊ရယ်လိုက်ရင်ပျောက်သွားတတ်တဲ့မျက်လုံးလေးတွေ၊ပြီးတော့နွေးထွေးလွန်းလှတဲ့ လက်ဖဝါးသေးသေးလေးတွေ၊နောက်ဆုံးအရမ်းကိုချိုမိန်လွန်းလှတဲ့ သူ့ရဲ့ပန်းဆီရောင်နှခမ်း ထူထူအိအိလေးတွေကိုရော ကျွန်တော်သေမတတ်လွန်းနေမိတယ်၊၊ကျွန်တော့်ကို သူရောလွမ်းနေပါ့မလား၊၊

အိမ်မက်ထဲမှာ ချစ်တယ်ဆိုတဲ့စကားလေးကိုဝန်ခံမိတိုင်း ပါးလေးတွေနီကာမျက်လုံးလေးတွေပျောက်အောင်ရယ်ပြနေတဲ့ကောင်လေးကို ပြောမပြတတ်အောင်ချစ်နေမိတယ်၊၊အိမ်မက်ထဲမှာရီပြနေပေမဲ့ အပြင်မှာသာဖွင့်ပြောခဲ့ရင် ဘယ်လိုပြန်ပြီးပြောမလဲဆိုတာ ကျွန်တော်အရမ်းသိချင်နေမိတယ်၊၊အိမ်မက်မှာခဏခဏအနမ်းပေးခဲ့တဲ့ နှခမ်းအိအိလေးတွေကိုအပြင်မှာရော နောက်ထပ်နမ်းခွင့်ရှိတော့ပါ့မလား၊၊
အတွေးပေါင်းများစွာနဲ့ကားမောင်းနေတာ Jimin တို့နေတဲ့ရပ်ကွက်ထဲ ရောက်လာခဲ့ပြီ၊၊Jimin အကြောင်းတွေးနေမိတာနဲ့ ဗိုက်ဆာနေတာတွေတောင် ဘယ်နားပျောက်သွားလဲမသိဘူး၊၊

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now