Chapter-22

3.1K 598 7
                                    

Unicode 💗💗

"ဖြစ်ရပ်မှန်ရဲ့ နောက်ကြောင်းကို စုံစမ်းချင်လား?? ကိုယ်မင်းကို ကူညီပေးမယ်"

ရဲတွေဆီက ရလဒ်အပေါ် ရွှီယမ်ယိ ယုံကြည်ခြင်းမရိှကြောင်း သိတာကြောင့် ဟယ်ကျင်းရန် သူ့အား လက်မောင်းထဲတွင် ဖက်ထားရင် ငြင်သာသောအသံဖြင့် မေးလိုက်သည်။

'သူ့ကို ရိုင်းစိုင်းပြီးကြမ်းတမ်းတဲ့မြင်းရိုင်းလေးလို့ ထင်ခဲ့မိပေမဲ့ သူ့မှာလည်း ထူးဆန်းတဲ့ဖြစ်ရပ်မျိုးရိှနေလိမ့်မယ်လိုပမထင်ခဲ့မိဘူး ..ဒါပေမဲ့ သူပြောပုံအရဆိုရင် ငါ့ ယောက္ခမရဲ့ သေဆုံးမှုက ရိုးရှင်းတဲ့ မတော်တဆ တစ်ခုတော့ မဖြစ်နိုင်ဘူး'
ဟယ်ကျင်းရန် သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

ရွှီယမ်ယိကတော့ သူ့လက်မောင်းထဲတွင် ကောင်းကောင်းနေပြီးနောက္
"ကျွန်တော့်အမေရဲ့ သေဆုံးမှုကို ကျွန်တော်ကိုယ်တိုင် စုံစမ်းမယ်... ဒါပေမဲ့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုအတွက်တော့ ကျေးဇူးတင်ပါတယ်"

ရွှီယမ်ယိ ဒီလိုပဲ ပြောလိမ့်မယ်ဆိုတာ ကြိုတွက်ထားပြီးသားဖြစ်တာကြောင့် ဟယ်ကျင်းရန် မအံ့သြတော့ပေ။ သူ့ဇနီးက ကိုယ့်ကိုကိုယ်ယုံကြည်မှုပြင်းထန်ပြီး သူ့ရဲ့ကမ်းလှမ်းချက်အား ငြင်းဆန်မည်ဆိုတာ သိသော်လည်း ဘယ်လိုပဲ ငြင်းနေပါစေ သူ့ဘက်က အကူအညီပေးရန် လက်မလျော့ပေ။

"ဒါပေမဲ့လည်း ကိုယ့်ယောက္ခမနဲ့ ပက်သက်တဲ့ကိစ္စပဲ ကိုယ်ရော ရပ်တည်ပေးလို့ရနိုင်မလား"

ဟယ်ကျင်းရန် ပြောပြီးနောက် ရွှီယမ်ယိ အချိန်တိုအတွင်းပင် စိတ်ပျက်အားလျော့သွားသည်
"ခင်ဗျားကို ဘယ်နှစ်ခါပြောရမှာလဲ.. သူက ခင်ဗျားယောက္ခမမဟုတ်ဘူး ပြီးတော့ ကျွန်တော်ကလည်း....."

"ဒါပေမဲ့ ကိုယ့္ကိုလက်ထပ်လိုက်တဲ့ လူက မင်းအမဖြစ်ခဲ့ရင်လည်း မင်းအမေက ကိုယ့်ယောက္ခမပဲလေ မှန်တယ်မလား??"

ရွှီယမ်ယိက 'ကျွန်တော် ခင်ဗျား မိန်းမမဟုတ်ဘူး' ဆိုတဲ့စကား ဆုံးအောင္ မပြောရသေးခင်မှာတင် ဟယ်ကျင်းရန်က ပျော်ရွှင်ကျေနပ်သော အပြုံးကြီးဖြင့် ကြားဖြတ်ပြောလိုက်သည်။

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now