Chapter-27(နံရိုး ကျိုးကျေခြင်း)

2.4K 500 14
                                    

Unicode ❤️❤️

နံရိုး ကျိုး​ကျေသွားခြင်း

"မင်းတကယ် ခေါင်းမာတဲ့ကောင်ပဲ.! နံရိုးနှစ်ချောင်းတောင်ကျိုးသွာတာကို.. မင်း ဘယ်လိုများ  အခုချိန်ထိ နာကျင်မှုကို ခံနေတာတုံး"

ဟယ်ကျင်းရန် တပ်ထဲသို့ ​ပြန်ရောက်ချိန်တွွင် ဒေါက်တာစစ်လီဖာဆီ သွားလိုက်သည်။ စစ်လီဖာကတော့ ဟယ်ကျင်းရန် ခန္ဓာကိုယ်အား စစ်ဆေးပေးပြီးနောက် သက်ပြင်းချရင်း သူ့ခေါင်းအား ကုတ်ခြစ်နေသည်။

စစ်လီဖာသည် သွေးနှောတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံ ထက်မြတ်သည့် ပုံစံ တောက်ပြောင်သော အဝါရောင် လှိုင်းတွန့် ဆံပင်တို့က သူ့အား ဉရောပနိုင်ငံသားနှင့် ပိုတူစေသည်။ နောက်ပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် မနေတာ အချိန်အတော်ကြာပြီဖြစ်သည်။ သူဝတ်ထားသော အဖြူရောင်ကုဒ်အင်္ကျီက သန့်ရှင်းသပ်ရပ်သော်လည်း သူ့ပုံစံကတော့ အရက်​ကြောင်နေသည့် ဖရိုမဖဲဖြင့်သာနေတတ်သော အသက်လတ်ပိုင်း လူတစ်ယောက်နဲ့ ပိုတူနေကာ ထိုသူက ပင်ပန်းနွမ်းနယ်စွာ သမ်းဝေလိုက္သည္။

သိူ့သော်လည်း သူ့ရဲ့ ရုပ်သွင်ပြင်နှင့် အနေအထားက ဟယ်ကျင်းရန်ကိုပင် ယှဉ်နိုင်သည်။ သူ့ပုံစံသည် ကြမ်းတမ်းသည့် ပုံစံပေါက်နေသော်လည်း သူ့ရဲ့ ခန့်ညားမှုနဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

"နံရိုးနှစ်ချောင္း ကျိုးသွားတယ်"
လုံရှန်က ပတ်တီးစည်းနေရင်း ပြောလိုက်သည်။ ဟယ်ကျင်းရန်ရဲ့ ဒဏ်ရါက သူ့အား အံ့အားသင့်စေသည်။အဘယ်ကြောင့်ဆိုသော် ဟယ်ကျင်းရန်သည်ဒဏ်ရါအကြီးအမားရနေတာကိုတောင် သူ ဘာမှမဖြစ်သလို နေခဲ့ခြင်းကြောင့်ပင်။

"နံရိုးနှစ်ချောင်း?"  ဟယ်ကျင်းရန်က လှည့်ကြည့်ခြင်းမရိှပဲ ပြောပြီး ပြုံးလိုက်သည်။
"ငါ့မိန်းမကိုတော့ ငါတကယ် ချီးကျူးသင့်ပြီ"
ရွှီယမ်ယိရဲ့ ညှာတာမှုကင်းမဲ့သော ကန်ချက်က ဒဏ်ရါရနေသော နံရိုးအား ရိုက်ချိုးပြီးသားဖြစ်ခဲ့သည်။

ဟယ်ကျင်းရန်က သူ့နံရိုး ကျိုးချေသွားခြင်းအတွက် ရွှီယမ်ယိအား ချီးကျူးပြီးကျေးဇူးတင်နေရုံသာမက သူ့ပုံစံသည် အလွန်ကျေနပ်နေပြီး တုန်နေအောင်ချစ်သော အချစ်ပြုံးများ ဝေဆာနေသည်။
ဘယ်သူကမှ သူ့အတွေးအား သိနိုင်တော့မည်မဟုတ်ပေ။

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now