(4)

17.6K 1.3K 34
                                    

[ Zawgyi ]

အစထဲက တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်မပြောပဲ တွဲခဲ့ကြတဲ့ဆက်ဆံရေးမှာ အချိန်တစ်ခုရောက်ရင် သူရောကိုယ်ရော ပြတ်ပြတ်သားသား ကျောခိုင်းကြရမယ်ဆိုတာကို Taehyungသိသည်.. သို့သော် ဒီကြားထဲ သူတို့နှစ်ဦးရဲ့နီးစပ်မှုတွေက Taehyungစိတ်ကို ယိမ်းယိုင်စေရုံသာမက အထပ်ထပ်ကာရံထားတဲ့ စည်းမျဉ်းတွေကိုပါ ပြိုလဲစေခဲ့တဲ့အတွက် Taehyungဘက်က အတည်ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်မှန်းမသိ သတ်မှတ်နေခဲ့မိတယ် .. Jungkookပြောသမျှကို အတည်လို့ထင်မှတ်နေခဲ့မိတယ်

ထိုနေ့ Hotelကပြန်လာပြီးနောက်မှာ Jungkookနဲ့ Taehyungတို့ အရင်နေ့တွေကထက် ပိုပြီးရင်းနှီးလာခဲ့တယ်.. လွန်လွန်ကျူးကျူး မဖြစ်ခဲ့ သည့်တိုင်အောင် တစ်ယောက်ရဲ့ လိုအင်တွေကို တစ်ယောက်က ကူညီဖြေ ရှင်းပေးခဲ့တာကြောင့် နှစ်ဦးသားကြားမှာ ပိုမိုနီးစပ်လာခဲ့ခြင်းဖြစ်တယ်.. အထူးသဖြင့် Taehyungက Jungkookကို တွဲကာစမှာ အပေါ်ယံသာဆက်ဆံ ခဲ့သမျှက အခုတော့ ပြောင်းပြန်လှန်လိုက်သလိုမျိုး ပြောင်းလဲသွားကာ စိတ်ရင်းမှန်နဲ့သာ ဆက်ဆံပြောဆိုလာခဲ့တယ်.. အမှန်မှာ Jeon Jungkook ဆိုတဲ့ သားရဲကောင်ရဲ့ ညှို့ကွင်းထဲကို လုံးဝကျရောက်သွားခဲ့ရုံသာ..

...
...

ဒီနေ့ဆို ခြောက်ရက်မြောက်နေ့...
Taehyungနဲ့ Jungkook နမ်ဆန်တာဝါကို သွားလည်ပြီး သော့ခ လောက်နှစ်ခုချိတ်ကြရင်း အမှတ်တရတစ်ခု တိုးကြပြန်တယ်.. စနေနေ့ ဖြစ်တာကြောင့် တာဝါကအပြန် Jungkookက နှစ်ယောက်အတူ ရုပ်ရှင် ကြည့်ရန် လတ်မှတ်ကြိုဖြတ်ထားတာမို့ အချိန်ကိုက်ဖြစ်သွားတယ်..။ ရုံထဲကို နှစ်ဦးသား လက်တွဲပြီးဝင်လာရင်းက အတွဲခုံကြီးဖြစ်နေတာကြောင့် Taehyungအနည်းငယ်ရှက်ချင်သလိုပင် ဖြစ်သွားတယ်..။

ဇာတ်ကားက Romanceဖြစ်တဲ့အပြင် 18+scene အချို့ပါလာတော့ Taehyungကြည့်နေရင်းနဲ့ လက်ဖျားတွေအေးစက်ကာ ကတုန်ကယင် ဖြစ်လာရတယ်.. ကောင်မလေးနဲ့ ကောင်လေးက စတွေ့တွေ့ချင်းမှာပဲ မျက်စပစ်ကာ ပြုံးပြကြရင်း အချင်းချင်းလက်ဆွဲလို့ Motelသို့ရောက်လာ ကြခြင်းဖြစ်တယ်..

ဒါက ဘယ်လိုဇာတ်ကားကြီးလဲ.. ဘာလို့ မျက်စပစ်ပြပြီး motelကို တန်းရောက်သွားကြတာလဲလို့.. ရှက်ရှက်နဲ့ ကိုယ့်ဟာကိုယ် လျှောက်တွေးနေ တုန်း အနားနားကနေ တံတွေးမျိုချသံ ဂလုဂလုက ဆက်တိုက်ထွက် ပေါ်လာလို့ လှည့်ကြည့်လိုက်တော့ Jungkookက သူ့ကိုစူးစိုက်ကြည့်နေတာ..

When Love Calls Out To You **KV**Donde viven las historias. Descúbrelo ahora