(12)

15.5K 1K 31
                                    

[ Zawgyi ]

အပြန်ရောက်တော့ Yoongiက တစ်လမ်းလုံးဘာမှမပြောပဲ Taehyungတိုက်ခန်းကို တန်းမောင်းလာတယ်..အထဲကိုရောက်တာနဲ့

"Jungkookရော Taehyungရော လာထိုင်ကြ.."

"ငါအစက မပြောတော့ဘူးလို့နေတာ.. ဒါပေမယ့် ငါကိုယ်တိုင်လည်း အနီးကပ် မစောင့်ရှောက်နိုင်တာမို့ မင်းကိုပြောသင့်တယ်လို့ ယူဆလို့ ပြောမယ်.."

"ဟင် ကိုကို.. ဘာကိုလဲ Sambaeကိုထိ ပြောဖို့မှမလိုတာ.. မလိုပါဘူး Taeကိုယ်tae စောင့်ရှောက်နိုင်တယ်.."

"မင်း မရှည်နဲ့ ဟေ့ကောင်.. ငါ့လက်ကလွတ်တာ ဘယ်လောက်ရှိသေးလို့ ဒီလိုတွေဖြစ်ပျက်နေတာလဲ.. ဟမ်.. "

Yoongiငေါက်လိုက်တော့ Taehyungဘာမှမပြောနိုင်တော့.. Jungkookလည်း ဘာတွေဖြစ်နေမှန်းမသိတာမို့ အသာငြိမ်ပြီးနားထောင် နေလိုက်တယ်.. Taehyungဆီကနေ အရာရာကို ယုံယုံကြည်ကြည်နဲ့ အတိုင်ပင်ခံရတဲ့အထိ သူ့ဘက်က သက်သေပြဖို့ လိုအပ်နေတာတော့အမှန်..

"Jungkook.. Taehyungက နှလုံးမကောင်းဘူး အဲဒါ ဂရုစိုက်ပေး စေချင်တယ်.. သူတို့ဘက်က မျိုးရိုးရှိတယ် ငါ့အမေသူ့အဒေါ်မှာရော သူ့အဖေသူ့အမေရော.. ပြီးတော့ သူ့အဖွားရော.. အဲဒါမို့ သူ့လည်း နှလုံးဖြစ်မှာ ငါအရမ်းစိုးရိမ်နေတာ.. ဒီလိုစကားမျိုးပြောရတာ အားနာပေမယ့် ငါတို့မိသားစုပြဿနာလေးတွေ ရှိနေလို့ ommaတို့ကလည်း deguပြန်သွား ကြတာဆိုတော့.. အခုနေ သူ့ကိုအနီးကပ်စောင့်ရှောက်နိုင်တာ မင်းပဲရှိတယ်.. အကူညီတောင်းပါရစေ.. "

"စိတ်ချပါ hyung..ကျွန်တော် ဂရုစိုက်ပါ့မယ်.. "

"ကျေးဇူး.. ပြီးတော့ သူညဘက်တွေ ကောင်းကောင်းမအိပ်ဘူး လို့ကြားတယ်.. မနက်စာတွေလည်း မစားဘူးဆို.."

"ဒီရက်ပိုင်းတွေတော့ အိပ်ပါတယ် hyung.. နားနဲ့မနာ ဖဝါးနဲ့နာပါခမျာ ဒီရက်တွေက အရင်လ hyungဆီကပြန်လာပြီး နောက်ပိုင်း သူကောင်းကောင်းမအိပ်မှန်းသိတာမို့ သူနဲ့ ကျွန်တော် တစ်ခန်းထဲ အိပ်ကြပြီး ညတိုင်းရအောင်သိပ်တာပါ.. အဲဒါမို့ ဒီရက်တွေ သူည၁၁လောက်ဆို ပုံမှန်အိပ်ပါတယ်..hyung"

ရုတ်တရက်ဆိုတော့ Yoongiလည်း ကိုးရို့ကားယားနဲ့ ဘာပြန်ပြောရမှန်းမသိ.. ဪ သူ့ညီလေးလည်း အရွယ်ရောက်လာပြီး ကောင်လေးနဲ့ တစ်အိမ်ထဲနေ တစ်အိပ်ရာထဲအိပ်တဲ့အထိကို ကြီးလာပြီပဲ.. စပ်စလူးခါပြီး ရည်စားသိပ်မှအိပ်တဲ့ ညီဆိုတဲ့အကောင်ကို မှုန်တေတေသာ စိုက်ကြည့်ပေးလိုက်တယ်.. ဘာမှတော့ပြောမနေတော့.. သူပဲမောမယ်..

When Love Calls Out To You **KV**Where stories live. Discover now