* 2 *

2K 246 72
                                    

#Zawgyi

ထိုနေ့က နမ်ဂျွန်း Company သို့နောက်ကျမှရောက်တာမို့...ဝန်ထမ်းတေအကုန်ထူးဆန်းသွားရသည်..
သူတို့ CEOလောက် အချိန်တကျတာနှစိယောက်မရှိတာမို့ပင်....

စာရင်းတေစစ်နေရာမှ အခန်းပြင်ကကြားလိုက်ရတဲ့
ဝေဝေဆာဆာ အသံစူးစူးကြောင့်
သက်ပျင်းချလိုက်မိသည်...

" Hey.....bro မင်းီးနေ့နောက်ကျမှရောက်တယ်ဆို
ဘာဖြစ်လို့လဲ.... "

" အဲ့ဒါလေးသိချင်ယုံနဲ့ ငါ့Companyအထိ ရောက်လာရတယ်ပေါ့လေ...တော်တော်အားယားနေလား JungHoSeok "

"Meeting ရှိတယ်လေ မသာရဲ့.....စိတ်ပူလို့် အချိန်လေးစောပြီး လာမေးရုံပဲကို စေတနာနဲ့ကို မတန်ဘူး
သောက်ဂဏန်းကောင် "

ပွစိပွစိရေရွတ်နေတဲ့ ဂျောင်ဟိုဆော့ အားကြည့်ရင်း
နမ်ဂျွန်းခေါင်းသာ ခါမိတော့သည်... အေးဆေးနေတတ်တဲ့သူက ဒီလိုစကားများပြီး ငရံ့ပြာလူး စပ်စလူး ဓာတ်ပူးထတဲ့
ဂျောင်ဟိုဆော့ နဲ့ ဘယ်လိုများ သူငယ်ချင်း တေဖြစ်လာပါလိမ့်.....

အလယ်တန်းကတည်းက ခင်လာတဲ့တစ်ဦးတည်းသော  သူငယ်ချင်းလေးပင်....
ဘယ်လောက်ပဲ လျစ်လျူ ရှူ ပြီး အေးတိအေးစက်နေခဲ့ပါစေ
ဘေးနားကနေတွယ်ကပ်ပြီး စကားတေပြောကာ
ရအောင်မိတ်ဖွဲ့ခဲ့တဲ့ ထိုအနှီလူသားကိုလည်း
သူတကယ်ကို ချီးကျူးပြီးလေးစားမိပါသည်...

" ပွစိပွစိရွတ်နေတာလေး..တော်လိုက်ရင်ကောင်းမယ်
အကြောင်းအရင်းသိချင်လို့လာ တာမလား "

" အေး....ဘာလိုများနောက်ကျနေတာလဲ မနက်ပိုင်းအပြင်ချိန်းထားတာလည်း မရှိပဲနက် "

" နေပါအုံး...ငါ့ရဲ့အချိန်ဇယားတေသိနေရအောင်
မင်းက ငါ့အတွင်းရေးမှူးလား ဂျောင်ဟိုဆော့ "

" မင်းအတွင်းရေးမှူးတော့မဟုတ်ပေမဲ့ မင်းလူကို
ငါပိုင်လို့လေ နေစမ်းပါ....ပြောစရာရှိတာသာပြော
လေမရှည်စမ်းနဲ့ "

" ဒီလိုဟာ....ငါ့ရဲ့ Pinkyလေးလူပုံပြောင်းလို့ရသွားပြီကွ "

" ဟင်.....တကယ်ကြီးလား...ဘယ်လိုလေးလ?ဲ...ချစ်ဖို့ကောင်းလား?စကားရော ပြောလား? "

Joon's Hybrid Opowieści tętniące życiem. Odkryj je teraz