* 5 *

1.3K 200 39
                                    

#Zawgyi


" Seokie~~ "

"....."

" Seokie~~လို့.....အွန်းးးး......ကိုကိုရေ ကိုကို seokieလို့ "

တင်းထားဂျောင်ဟိုဆော့!....တင်းထား
အရည်ပျော်လို့မဖြစ်ဘူး...သူ့ရဲ့လက်မောင်းလေး
အား တွဲခိုရင်း ပါးလေးကပ်ကာ ချွဲနေပါသော
မင်ယွန်းဂီလေး.....ဒီတိုင်းလေး နေရင်တောင်ချစ်စရာကောင်းနေတာ

အခုလို aegyoတေထုတ်ပြီး ချွဲနေတော့ ချစ်ဖို့ကောင်းမှုကအဆတစ်သိန်းလောက်မြင့်တက်နေတော့
ဂျောင်ဟိုဆော့လေး ဒုက္ခရောက်ရပါသည်

" ဆော့ကီး..ကလည်း.....ဟောဒီက ဂီဂီလေးကို
စကားမပြောပဲ နေနိုင်တယ်ပေါ့..... "

" ဟင်း....ကိုယ့်အပြစ်ကို သိတယ်နော် "

" အွန်း...အဲ့ဒါကလေ ဒီလိုရှိတယ် seokieရဲ့...
သချာင်္စာအုပ်ကလေ အိမ်မှာကျန်ခဲ့တာ ဖြစ်ချင်တော့
ဒီနေ့ကစာအုပ်ထပ်ရမဲ့နေ့လေ...မထပ်ရင် ဆရာမက ကြိမ်လုံးနဲ့လည်း ရိုက်တယ်..နောက်ပြီး ဘောလုံးကွင်းကိုလည်း
၅ခါလောက်ပတ်ပြေးခိုင်းသေးတာ

Seokie က ဟောဒီဂီဂီလေး အပြစ်ပေးခံရတာမြင်ချင်လို့လားဟင်....၅ခါသာ ပတ်ပြေးလိုက်ရရင်လေး
ဟောဒီကဂီဂီလေး မောလွန်းလို့ အသက်ထွက်မှာ
Seokie ရဲ့ "

အမလေး....ဆင်ခြေဆင်လက်ကနည်းသေးတယ်
မင်ယွန်းဂီတို့က ဆင်တစ်ကောင်လုံးချပြသွားတာ!

စိတ်ထဲကနေလည်း ဆရာမအား လက်အုပ်ချီကာ
မင်ယွန်းဂီ လေးတောင်းပန်လိုက်မိသည်....ဘာလိုဆို
သူ့အားတုန်နေအောင်ချစ်ပြီး အလိုလိုက်တဲ့ ဆရာမဖြစ်နေသောကြောင့်ပင်!

" အပိုတေ...မတက်ချင်ရင် မတက်ချင်ဘူးပေါ့ "

တယ်...ဒီဂဏန်းကတော့..သူများလူကဖြင့်
အရည်ပျော်တော့မဲ့ဟာကို

" အရပ်ရှည်သလောက် လျှာကလည်း ရှည်လိုက်တာ "

" ဘာ.....မင်ယွန်းဂီ "

" ဘာလဲ..ဘာလဲ..ဒီမယ် ဘာဘီ မင်ယွန်းဂီ မဟုတ်ဘူး
ဂျောင်ယွန်းဂီ ရှင်းလား! "

ယွန်းဂီလေးရဲ့ စကားအဆုံး ကင်နမ်ဂျွန်း က.မဲ့ရွဲ့သွားပေမဲ့
ဂျောင်ဟိုဆော့ လေးခမျာတော့ ဟက်ထိသွားရှာသည်..
ဂျောင်ယွန်းဂီ ဆိုပဲ....

Joon's Hybrid Tahanan ng mga kuwento. Tumuklas ngayon