* 4 *

1.4K 203 46
                                    

#Zawgyi

နမ်ဂျွန်းတစ်ယောက် Necktie စီးနေရာမှ
ကုတင်လေးပေါ်တွင် စောင်လေးတေနဲ့ လုံးထွေးပြီး
အိပ်ပျော်နေပါသော သူ့ရဲ့ကလေးလေးအား
ကြည့်ရင်း ပြုံးမိပြန်သည်....

အော်...ဒီကလေးနယ်...ဘယ်လိုနေနေချစ်ဖို့ကောင်းနေတော့တာပဲ....အခုလည်း စောင်တေနဲ့လုံးထွေးနေတာလေးက ဖက်ထုပ်လေးကြနေရောပဲ....

ကုတင်ဘေးနားလေးသို့အသာသွားကာ
ပေါ်ထွက်နေတဲ့ မျက်နှာဖြူ ဖြူ လေးမှ
နီရဲဥနေတဲ့ ပါးလေးအား အနမ်းဖွဖွပေးကာ
သူ့ရဲ့ တစ်နေ့တာအတွက် အားအင်တေဖြည့်လိုက်ရသည်

အရင်ကဆို ထိုကလေးနိုးမှ company သွားပေမဲ့
အခုတော့ အရေးကြီးMeetingရှိတာကြောင့်
ထိုကလေး မနိုးခင်သွားရန် ဖြစ်လာရသည်...

" အစ်မကြီးလီ...ကလေးလေးနိုးလာရင်လေ "

" ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး နွားနို့ပူပူလေးတစ်ခွက်...cheese နဲ့ အသားများများလေးထည့်ပြီး လုပ်ထားတဲ့ sandwichကို ကုန်အောင်သေချာကျွေးရမယ်

ဘေဘေးဂျင်လေး စားချင်တာရှိရင်လည်း အကုန်လုပ်ပေးပြီး လိုအပ်ရင် သခင်လေးကို phခေါ်ရမယ်...ရေချိုးတဲ့အခါ
အပြင်ကနေစောင့်ပေးရမယ် အရမ်းမဆော့စေနဲ့
ရေချိုးပြီးတဲ့အခါ အင်္ကျီ ကို နွေးနွေးထွေးထွေးလေး
ဝတ်ပေးထားရမယ်

ဂျယ်လီ.သကြားလုံး ရေခဲမုန့်ကို အများကြီးမကျွေးရဘူး
စတော်ဘယ်ရီနဲ့ အသီးလေးတေပဲ အများဆုံးချပေးထားရမယ်

နေ့လည်စာကိုလည်း ဘေဘေးလေးကြိုက်တဲ့.အမဲနံရိုးကင်ရယ်...ကြက်ဥလိပ်ကြော်...ရေညှိဟင်းရည် နဲ့ အသီးအရွက်တစ်ခုခုလေးလုပ်ပြီး သေချာကျွေးရမယ်

နေ့လည်ခင်းအိပ်တဲ့အခါကြရင်လည်း အရမ်းနောက်ကျတဲ့အထိမအိပ်စေနဲ့.... "

သူပြောမဲ့ စကားတေအား တရစပ်ရွတ်သွားတဲ့
အစ်မကြီးလီအား...သူပြူးပြူးလေးသာ
ငေးကြည့်နေမိသည်...အံသြလွန်းလို့ပါ....

" သခင်လေး ခဏခဏပြောလွန်းလို့ အကုန်တောင်အလွတ်ရနေပြီ....စိတ်ချပါသခင်လေး... "

" အဟမ်း......ဒါဆို ကျွန်တော်သွားပြီ "

ချောင်းတေဟန့်ရင်း လည်ပင်းအားအရှက်ပြေ
ပွတ်ကာ ထွက်သွားတဲ့ သခင်လေးအားကြည့်ပြီး
သူမ မပြုံးပဲမနေနိုင်....

Joon's Hybrid Where stories live. Discover now