3

6.5K 756 42
                                    

Zawgyi

3

ခင်ဗျားရယ်... ဒဏ်ရာတွေအများကြီးနဲ့ သိပ်နာကျင်နေမှာပဲ။ စစ်ပွဲမှာ ဘယ်လောက်တောင် ကြိုးပမ်းခဲ့လို့ ဒီလောက်များတဲ့ဒဏ်ရာတွေကို ရလာခဲ့တာလဲ။
ရှောင်းကျန့်ရဲ့ ချန်လူမျိုးဟာ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေက နည်းတာမဟုတ်ဘူး။ ခြေထောက်မှာဆိုလည်း ဒဏ်ရာတွေအထပ်ထပ်။ နောက်ကျော ကျောပြင် ရင်ဘတ်တစ်ခုလုံး ခြစ်ရာ ပွန်းရာ ပဲ့ရာအထပ်ထပ်။
ဒါ့အပြင် သုံ့ပန်းစခန်းကလူတွေက နှိပ်စက်ထားပုံရသည်။ ခပ်ချောချောမျက်နှာလေးမှာ ဒဏ်ရာလေးတွေက စွန်းထင်းလို့။ ဒီလောက်နာကျင်နေရမယ့် လူလေးကို ရှောင်းကျန့်က ထပ်ပြီး ခေါင်းကို ရိုက်မိသတဲ့။

အိပ်ရာပေါ်မှာ ဒဏ်ရာအထပ်ထပ်နဲ့ မေ့လဲနေတဲ့ ချန်လူမျိုးကို ကြည့်ကာ အတော်စိတ်မကောင်း။ ညစ်ပတ်ပေရေနေတဲ့ ခန္ဓာကိုယ်ကို ရေဝတ်တိုက်ပေး၊ အဝတ်အစားအသန့်လေးလဲပေးပြီး ဆေးကုပေးထားသည်။ သာမန်ဒဏ်ရာမပြောနဲ့ ဒဏ်ရာအကြီးတွေကိုတောင် ရှောင်းကျန့်က အဘိုးတွေ အစ်ကိုတွေနဲ့ ကုသပေးဖူးတယ်။ ဒီအတွေ့အကြုံတွေက ချန်လူမျိုးကို သက်သာအောင် ကုသပေးနိုင်ခဲ့တယ်။
ရှောင်းကျန့်လည်း မေ့လဲနေတဲ့ ချန်လူမျိုးကို စောင့်ရင်း အိပ်ပျော်သွားခဲ့သည်။

~~~~~~

ဝမ်ရိပေါ် ခေါင်းကတဆစ်ဆစ်ကိုက်လာသဖြင့် အိပ်နေရာကနေ နိုးလာခဲ့သည်။ မနေ့က သုံ့ပန်းစခန်းကနေ ညီအစ်ကိုတွေရဲ့ကျေးဇူးနဲ့ ခိုးထွက်လာခဲ့သည်။ သို့ပေမယ့် ရဲမက်တွေက သတိထားမိပြီး ရိပေါ်ကို လိုက်ဖမ်းကြသည်။ မတတ်သာသည့်အဆုံး ရွာအစွန်က ခြံထဲကိုပြေးဝင်ပြီး ပုန်းခဲ့သည်။ ထိုအိမ်ပိုင်ရှင်ကိုပါ မအော်မိစေရန် အတင်းချုပ်ကာ ထားမိသည်။ ထိုလူကိုလွှတ်ပြီးတော့ သူ့ခေါင်းကို ရိုက်ခွဲတာ ခံလိုက်ရသည်။

မနေ့က အခြေအနေအရဆို ကျန်းစစ်တပ်ထံ ပြန်ရောက်ပြီ ထင်ခဲ့ပေမယ့် အခုအခြေအနေအရ သူက သက်တောင့်သက်သာအိပ်ရာပေါ်တွင် ရှိနေပြီး တစ်ကိုယ်လုံးမှာ ဆေးကုသခြင်းခံထားရသည်။ ဘေးကိုကြည့်လိုက်တော့ မနေ့က သူဖမ်းချုပ်မိတဲ့ အိမ်ပိုင်ရှင် ကလေးလေး။ သူ့အနားတွင် ထိုင်ရက်လေး အိပ်ပျော်နေသည်။

The Guileless Love(Completed)Where stories live. Discover now