19

5.6K 642 7
                                    

Zawgyi

19

"ကျွန်တော်က ခုလက်ရှိ ကျွန်တော့်ရဲ့တျဲတျဲ စစ်သူကြီးဝမ်ရိပေါ်ရဲ့ အစ်မဝမ်းကွဲ ယန့်လီရဲ့ သားပါ...
ကျွန်တော့်ရဲ့အဖေအရင်းက ကျင်းပြည်နယ်က မြို့စားမင်းရဲ့သား ကျင်းဇီရွှမ်းပါ..
ကျွန်တော်မမွေးခင်က မားမားနဲတျဲတျဲကို နှစ်ဖက်မိဘတွေကသဘောမတူခဲ့ကြပါဘူး မားမားယန့်လီကို ဘုရင့်မိဖုရားအနေနဲ့ တင်မြောက်ဖို့အတွက် အမိန့်ထုတ်ပြီးသားပါ ဒါပေမဲ့ မားမားက တျဲတျဲနှင့်ခိုးရာလိုက်ပြေးခဲ့ပါတယ်...မင်းဘေးသင့်သွားတဲ့ မားမားဟာ ချန်နိုင်ငံကိုဝင်ခွင့်မရတော့သလို ဝင်ရောက်ခဲ့ရင်လည်း သေဒဏ်ပါ...

တျဲတျဲဘက်က မိသားစုကလည်း မားမားကို အလိုမရှိခဲ့ပါဘူး... မားမားကို အငယ်အနှောင်းအနေနဲ့ပဲ ထားဖို့ အတင်းတိုက်တွန်းခဲ့တဲ့အပြင် တျဲတျဲလက်မခံတဲ့အခါ မားမားကို သတ်ဖို့လုပ်ကြံကြပါတယ်...
မားမားကိုကယ်ရင်း တျဲတျဲက ကွယ်လွန်သွားခဲ့ပါတယ်
အဲ့ဒီအချိန်တုန်းက မားမားမှာ ကျွန်တော့်ရဲ့ကိုယ်ဝန်ရှိနေခဲ့ပါပြီ...မားမားလဲ ထွက်ပြေးခဲ့တုန်းမှာ ကံကောင်းစွာနဲ့ပဲ နယ်စပ်စောင့်တာဝန်ကျတဲ့ တျဲတျဲရိပေါ်နဲ့ တွေ့ခဲ့ပါတယ်... တျဲတျဲရိပေါ်က ကူညီပေးလို့ ကျွန်တော်ကို ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်ခဲ့ပေမယ့် မားမားကတော့ ဆုံးပါးသွားခဲ့ပါတယ်...

တျဲတျဲရိပေါ်က ကျွန်တော့်ကို မားမားရဲ့ကလေးမှန်းသိရင် အပြစ်သင့်မှာစိုးလို့ သားအရင်းတစ်ယောက်အနေနဲ့ မွေးခဲ့တာပါ...
ဒီအကြောင်းတွေကို ကျွန်တော်သိတတ်တဲ့အရွယ်မှာ တျဲတျဲရိပေါ်က သေသေချာချာရှင်းပြပေးခဲ့တာပါ

ကျွန်တော်က ဝမ်မိသားစုက မဟုတ်ပါဘူး..ဒါကြောင့် ကျွန်တော့်ကို အားဟွေ့ရဲ့လက်တွဲဖော်အနေနဲ့ လက်ခံပေးပါ"

ကျင်းလင်၏ ရှင်းပြချက်အဆုံးမှာ ရှောင်းကျန့်ရင်ထဲမှာ အစိုင်အခဲတစ်ခုက ပြေလည်သွားခဲ့ရသည်။
အများသူငှာပြောနေကျတဲ့ ကျင်းလင်က  ဝမ်ရိပေါ်ရဲ့ တိတ်တိတ်ပုန်းမိန်းမနဲ့ရခဲ့တဲ့ကလေး မဟုတ်ခဲ့ဘူးပေါ့...
ဒါပေမယ့်လည်း ဘာလို့ မဟုတ်တရုတ်သတင်းတွေက ထွက်လာခဲ့ရတာလဲ။ ကျင်းလင်က လိမ်လည်တာရော မဖြစ်နိုင်ဘူးလား။

The Guileless Love(Completed)Where stories live. Discover now