17

6K 659 67
                                    

Zawgyi

17

"ပြောပါဦး စစ်သူကြီးလာရတဲ့အကြောင်းရင်းက"

တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို စတင်ဖြိုခွင်းလိုက်သူက ယွီပင်း။ ရှောင်းကျန့်ကတော့ ယွီပင်းရဲဘေးမှာထိုင်ပြီး မျက်လွှာလေးအသာချလို့ ယွီပင်းနှင့် ရိပေါ်အတွက် ရေနွေးကြမ်းငှဲ့ပေးနေသည်။
ဝမ်ရိပေါ်ဟာ ယွီပင်းရဲ့အရှေ့မှာ ထိုင်လို့  ရှောင်းကျန်ကြို မမှိတ်မသုန်ကြည့်နေရာကနေ စကားစဆိုလိုက်သည်။

" မင်းသား စန့်ပင်းက ပုန်ကန်ဖို့ လူစုနေပါတယ် အရှင်မင်းကြီး၊ အစ်ကိုတစ်ယောက်အနေနဲ့ ညီဖြစ်သူကို ကိုယ်တိုင်ဆုံးမတာက ပိုကောင်းပါမယ်"

ယွီပင်းက ရိပေါ်ရဲ့စကားကို လှောင်သလိုမျိုးရယ်ကာ ရေနွေးကြမ်းကို ကောက်မော့လိုက်သည်။

"ဟားဟား...စန့်ပင်းက ဒီလိုလုပ်မယ့်သူမဟုတ်ဘူး။ အထင်လွဲတာနေမှာပါ"

"အရှင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး ဘာကိစ္စဖြစ်ဖြစ် မလွန်လာခင် အရင်ဖြေရှင်းတာက ပိုကောင်းပါတယ်"

"စစ်သူကြီးက ငါတို့ညီအစ်ကိုတွေကို သွေးခွဲနေတာပဲ"

"အရှင်မင်းကြီး အထင်လွဲနေပါပြီ မင်းသားစန့်ပင်းက အရှင်မင်းကြီးတို့ညီအစ်ကိုနဲ့ဆို အမေမတူပါဘူး...
အရင်မင်းကြီးလက်ထက်ထဲက ကျူးချင်နေတာ ခုကမင်းကြီးနဲ့ရင်းနှီးတာကို အခွင့်ကောင်းယူပြီး နန်းလုဖို့ ပြင်ဆင်....."

!ခွမ်း...!!!

ယွီပင်းဟာ ရိပေါ်၏စကားတို့ကြောင့် ဒေါသအင်မတန်ထွက်သွားကာ ရေနွေးကြမ်းခွက်ကို ကောက်ခွဲလိုက်သည်။ ဘေးနားမှာထိုင်နေတဲ့ ရှောင်းကျန့်ရော ရိပေါ်မှာ ယွီပင်း၏အပြုအမူကြောင့် လန့်သွားရသည်။

"အဟက် စစ်သူကြီးက ကိုယ်တော့်ကို အရည်အချင်းမရှိတဲ့ ဘုရင်လို့ထင်နေတာပဲ...
မင်းသားစန့်ပင်းက ကိုယ်တော့်ရဲ့သွေးရင်းပါ
ဘာမှသွေးမတော်သားမစပ်တဲ့ ခင်ဗျားက စိတ်ပူပေးနေစရာမလိုပါဘူး
စစ်သူကြီးဆိုတာ စစ်တပ်ကို အုပ်ချုပ်ရုံပါပဲ နိုင်ငံရေးတွေမှာ ဝင်မပါပါနဲ့ ကိုယ့်နေရာကိုသိပါ"

The Guileless Love(Completed)Where stories live. Discover now