အခန်း (503)

1K 186 0
                                    

အခန်း  (၅၀၃) :   အင်မော်တယ်နယ်မြေ ခုနှစ်ခုနှင့် မြေအောက်လောက

မိုဝူကျီကို အားကျသွားစေသည့်အရာမှာ ဤနေရာတွင် ရှိနေသော ဝိညာဉ်စွမ်းအားများ၌ သဘာဝကျသော တာအိုစွမ်းအားများ ပါဝင်နေသည်။ ဤနေရာတွင် ဘေးပတ်လည် သဘာဝတရားဆီမှ အင်မော်တယ်ဝိညာဉ်စွမ်းအားများကို စုဆောင်းပေးနိုင်သည့် ဧရာမ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင် သေချာပေါက်  ရှိနေလိမ့်မည်။  ဤသို့သော ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံဖို့ရာအတွက် အကောင်းဆုံးအနေအထား ဖြစ်လေ၏။ အနည်းဆုံးတော့  ဤသို့သော နေရာမျိုးမှာ အင်မော်တယ်ကျောက်များနှင့် လိုက်ဖက်ညီနေပြီး အင်မော်တယ်ကျောက်များနှင့် ကျင့်ကြံလိုက်လျှင် ပို၍ ကောင်းသွားလိမ့်မည်။

မိုဝူကျီက ဤအင်မော်တယ်မြို့ဟောင်း၌ နှစ်လလောက် နေပြီး  ကျင်းရှန်းအစောပိုင်း အဆင့်မှ ကျင်းရှန်းအလယ်အလတ်အဆင့်သို့ တက်လှမ်းရန်  တွေးထားမိလေ၏။

မုရုန်ရှန်းယွီနှင့် ကျန်လူများက စူးခရာမြို့ဟောင်း၌ မည်မျှကြာကြာ နေရစေကာမူ မိုဝူကျီက နေစရာ နေရာရှာရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက ဤနေရာတွင် ကျင်းရှန်းအလယ်အလတ်အဆင့် တက်လှမ်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

မိုဝူကျီက  နေစရာ ရှာမတွေ့သော်လည်း ခေါင်းကိုက်လာသည့်အထိ  တစ်နေ့တာလုံးလုံး ဟိုဟိုဒီဒီ သွားလာနေခဲ့သည်။

ဤနေရာရှိ အခန်းခမှာ အတော်လေး ဈေးကြီးပေသည်။ သူက အခန်းတချို့ ရှာတွေ့သော်လည်း ဈေးနှုန်းများက မတော်တဆဖြစ်နေရုံသာမက အခန်းများက တိတ်ဆိတ်မှု မရှိသလို ပတ်ဝန်းကျင်လည်း မကောင်းပေ။

ထို့ကြောင့်   မိုဝူကျီက   နေရာရှာရန်  ကိစ္စကို ယာယီ  လက်လျော့လိုက်တော့သည်။ သူက လက်ဖက်ရည်အိမ်တော်ဆီ သွား၍ သူ့အခြေအနေကို အရင်ဆုံး လေ့လာကြည့်ရမည်။  ထိုစဉ် ခပ်စူးစူး အသံတစ်သံ ထွက်ပေါ်လာလေ၏

“ ဒီက စီနီယာက နေစရာ နေရာများ ရှာနေတာလား မသိဘူး  .... ”

သူ့ကို လှမ်းခေါ်လိုက်သူမှာ ပိန်ပါးပါး ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူ့မျက်နှာ အသားရေမှာ သပိတ်ရောင်ပေါက်နေသော်ငြား သူ့သွားများမျာ ပုလဲလုံးများ စီထားသကဲ့သို့ ဖြူဖွေးနေလေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now