အခန်း (575)

900 167 4
                                    

အခန်း  (၅၇၅)  :   အင်အားကြီးမားသော ဘာသာရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး

ယန်ခယ့်ကျယ်က မှော်စွမ်းအင်များမှာ အဖိုးတန်သော်လည်း သူက ယူဆောင်မလာမိသောကြောင့် တုန်လှုပ်မိသွားသည်။ သို့သော် ကျန့်ရှန်းက လက်ရာမြောက် ပန်းထိုးအိတ်ကို လို့ယွဲ့ရွမ်းဆီ ပေးလိုက်ကာ  “ ယွဲ့ရွမ်း  ... ဆရာမဆီမှာ  ဒီဟာတွေ အများကြီး ရှိတယ် ... ဒါက သမီးအတွက်  ”

ယန်ခယ့်ကျယ်က မျက်လုံးမှိတ်ကာ လို့ယွဲ့ရွမ်းဆီ စာအုပ်တစ်အုပ် ပေးလိုက်ရင်း ပြောလိုက်သည်  “ ယွဲ့ရွမ်း ... ဆရာ့ဆီမှာ မှော်စွမ်းအင် ကျောက်တုံးတော့ ပါမလာပေမဲ့  ဒီစာအုပ်ကို ပေးမယ် ”

“ ဆရာယန်  ဒါက တကယ်ကြီး သူ့ကို ပေးတာလား ” လီကွမ်းယီက ယန်ခယ့်ကျယ်   လို့ယွဲ့ရွမ်းကို  ပေးသော စာအုပ်ကို တအံ့တဩ ကြည့်ကာ မေးလိုက်သည်။

လို့ယွဲ့ရွမ်းက   လီကွမ်းယီ အမူအယာကို မြင်သည့်အခါ  ရိုးရှင်းမည့်အရာ မဟုတ်မှန်း သိလိုက်၍ မြန်မြန် ငြင်းလိုက်ရသည်   “ ဆရာယန် ... သမီး ဒါကို  လက်မခံနိင်ပါဘူး ”

“ မင်းကို ယူစေချင်မှတော့ ယူလိုက်ပါ ” ယန်ခယ့်ကျယ်က လို့ယွဲ့ရွမ်း လက်ထဲ စာအုပ်ထည့်ပေးကာ ပြောလိုက်သည်။

ကျန့်ရှန်းက ထပ်ပြောလိုက်သည်  “ ယွဲ့ရွမ်း .... ဆရာယန်လည်း သမီးရဲ့ ဆရာပဲလေ။ သူ့ဆီက လက်ဆောင်ဆိုတော့ လက်ခံထားလို့ ရပါတယ်။ ဆရာယန်နဲ့ ဆရာမတို့ နောင် သင်ပေးမဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေအတွက် ဆွေးနွေးတိုင်ပင်လိုက်ဦးမယ် ... သမီးက ပြန်ပြီးတော့ ပြင်ဆင်လိုက်နော် ”

“ ဟုတ်ကဲ့ ... ဆရာယန်နဲ့ ဆရာမကျန့်ကို ကျေးဇူးတင်ပါတယ် ” လို့ယွဲ့ရွမ်းက မထွက်သွားခင် လေးလေးစားစား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

လို့ယွဲ့ရွမ်းက  တခြားသူများအနေဖြင့် စစ်ဆေးမှု ဖြေရဦးမည် ဖြစ်ကြောင်း ကောင်းကောင်း သိထား၏။ သို့သော်ငြား သူမ စင်ပေါ်မှ ဆင်းလာသည်နှင့် စီးပွားရေးသမားများနှင့် ဂုဏ်သရေရှိ လူများက ရှေ့တိုးလာကြသည်။ လို့ယွဲ့ရွမ်း လက်ထဲ   နာမည်ကတ်များကို  နှင်းပွင့်များအလား ထိုးထည့်ပေးနေကာ  ဂုဏ်ပြုစကားများနှင့် ဖိတ်ကြားချက်များ ပလူပျံနေသည်။ သူမကို စပွန်ဆာပေးရန် ထောက်ခံချက် ရရှိကြောင်း သေချာသွားလေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now