Part~5

18K 2.1K 47
                                    

"မောင်!"

လေဆိပ်အပြင်ဘက်၌ ရပ်စောင့်နေသည့် အုပ်စုရှေ့သို့ ဆိုင်ကယ်ထိုးရပ်လိုက်သည်နှင့် ဆံဖြူရောင် ကောင်ငယ်လေးက လက်ထဲကကျောပိုးအိတ်ကိုလွတ်ချ၍ သူ့ဆီသို့ တန်းတန်းမှတ်မှတ်ပြေးလာ၏။

"နေဦး အလင်း! ဆိုင်ကယ်လှဲဦးမယ်။ ဖယ်ပါဦးဟာ"

သူအတင်းဖက်ထားသည့်အတွက် မောင်က ယခင်လိုအေးစက်သော မျက်နှာထားမျိုးမဟုတ်။ သူ၏ လက်ကို ညင်သာစွာဖြုတ်ယူပြီ ဆိုင်ကယ်ပေါ်ကဆင်းလာသည်။

"ရေခဲတုံးကြီး!!..."

အသံသြသြကြောင့် ကောင်လေးကိုကျော်ပြီး ရှေ့ကို ကြည့်လိုက်တော့ အဘယ့်ကြောင်တံခွန်သော် ပါနေသနည်း။ တံခွန်သော်အား မြင်သည့်အခါ မသိမသာ မျက်ခုံးကျုံ့လိုက်မိသည်။

"ရေခဲတုံးကြီး ဆိုင်ကယ်တစ်စီးပဲပါလာတာလား"

"မဟုတ်ဘူး အနောက်မှာ အစ်ကိုနဲ့ညီလေးပါလာတယ်။ ထင်တာ သုံးယောက်ထဲလားလို့.."

တံခွန်သော်ကိုကြည့်လိုက် ချစ်သူလက်ကို ဆွဲရင်း ခပ်တည်တည်ပြောလေ၏။

"မောင် ဟိုလေ စီနီယာတံခွန်သော် လိမ်ပေးလို့ ဒယ်ဒီကလွတ်တာ။ ကိုတံခွန်ကို ကျေးဇူးတင်ရမယ်။ အလင်းတို့ လေ့လာရေးခရီးထွက်ရမယ်လို့ ဒယ်ဒီ့ကိုလိမ်ပြောထားတာ"

"အလင်းရာ ဘာလို့ကိုယ့်ဒယ်ဒီကိုလိမ်ရတာလဲ..."

"အာ..မသိဘူး မောင့်ကိုလွမ်းလို့။ ပြီးတော့ ကယားပြည်နယ်ကြီးကိုလည်ဖူးချင်လို့"

လက်ပိုက်ရင်း အနည်းငယ် စူထော်နေသော နူတ်ခမ်းကြောင့် မောင်ကလည်း သက်ပြင်းချ၍ လမ်းမထက်က မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို တားလိုက်သည်။

"အဲ့တာ မောင့်ရဲ့အစ်ကိုနဲ့ညီလား.."

သူ၏အမေးကြောင့် အနောက်က သူငယ်ချင်းတွေက အရှေ့တို့လာကြသည်။

"ဒါက ကိုယ့်ရဲ့အစ်ကို ထည်ဝါမောင်၊ ဒီဘက်က မိန်းကလေးရုပ်နဲ့က ကိုယ့်ရဲ့ ညီလေး လင်းလက်သူတဲ့.."

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် အစ်ကိုနဲ့ ညီလေး။ အလင်းက ကိုရနောင်နဲ့ ကျောင်းနေဖက်ပါ"

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now