Part~45

9K 860 28
                                    


ကြီးမားသည့် တောင်ကြားတွင် ရေအားလျှပ်စစ်စက်ရုံသည် ခမ်းနားထည်ဝါစွာတည်ရှိနေသည်။ သို့သော်လည်း သစ်တောလေး၏ အကျိုးကျေးဇူးကြောင့် ရာသီဥတုသာယာ၍ ကယားပြည်နယ်ရဲ့ အလှများကို မဖျက်စီးနိုင်ခဲ့။ လောပိတမှရေအားလျှပ်စစ်သည် မြန်မာပြည်တစ်နိုင်ငံတွင်မကဘဲ တရုတ်ပြည်အထိ လျှပ်စစ်မီးထုတ်ပေးနေသော နေရာလေးတစ်ခုဖြစ်သည်။

"ရေက စိမ်းပြာရောင်လေးနော်..."

"အင်း ဟုတ်တယ် တောရယ်တောင်ရယ်ကြောင့် ရေတွေကဒီလိုသဘာဝစိမ်းပြာရောင်ဖြစ်နေတာ"

အထပ်ထပ်စီးဆင်းနေသော လောပိတရေတံခွန်နားတွင် အပန်းဖြေထိုင်နေ၍ အလင်းခမေးသည်။ အကုန်လုံးက ကယားပြည်နယ် ဒေသခံဖြစ်သည်မို့ အလင်းခသိချင်သမျှ ပြောကြသည်။ အိမ်ကချက်လာသော ရိုးရာကြက်သားဆန်ပြုတ်လေးနှင့် ဖိုးရယ်ယူလာသော ခေါင်ကျရည်တွေကို ဝိုင်းသောက်ကြသည်။

အမှိုက်ပစ်ခွင့်မရှိသောကြောင့် စားထားပြီးသားအမှိုက်များကို အိတ်ထဲပြန်ထည့်၍ စစ်ဆေးရေးဂိတ်အနားက အမှိုက်ပုံးထဲတွင်ပြန်ထည့်ကြသည်။ လောပိတရေအားလျှပ်စစ်အကြောင်းလေ့လာပြီး အဆင့်ဆင့်တည်ရှိသော ရေတံခွန်သို့အပန်းဖြေသည်။ ပြီးနောက်ညနေစောင်းမှ အိမ်ပြန်လာခဲ့ကြသည်။

××××××××××××××××××××××××××××××××

"မာမီ တကယ်ပြောတာလား။"

"တကယ်ပြောတာပါ။ မာမီ့သားလေးကို မြင်ချင်နေတာကြာပြီ အမြဲတမ်းဖုန်းပြောရင်းအလွမ်းဖြေနေရတာ။ အခုတော့ လွိုင်ကော်လာခဲ့မယ်..."

အလင်းခသည်လည်း မာမီကိုလွမ်းသည်။ မြင်ချင်သည်။မာမီနှင့် အမြဲတမ်းအဆက်အသွယ်ရှိသော်လည်း ဒယ်ဒီက ပြောသည့်အတိုင်းပြတ်သားသည်။ အလင်းခကို အဆက်အသွယ်တစ်ခါပင်မလုပ်။ အလင်းခ၏သတင်းတွေစိတ်မဝင်စား။ နေချင်သလိုနေဟုသာ မာမီ့ကိုပြောသည်။

ဒယ်ဒီက အရင်လိုပြန်ဂရုစိုက်မည်မဟုတ်မှန်း သိသော်လည်း မသိစိတ်ထဲတွင် ဒယ်ဒီ့ကိုတမ်းတမိသေးသည်။ မာမီနှင့်ဖုန်းပြောတိုင်း ဒယ်ဒီအကြောင်းတွေမေးဖြစ်သည်။ ပြီးတော့ အစ်ကိုအလင်းသစ်၏ အကြောင်းတွေ အလင်းခနားစွင့်၍ အမြဲကြိတ်ပျော်နေရသည်။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Tempat cerita menjadi hidup. Temukan sekarang