" 1 4 9 9 "

128 6 6
                                    

        နှစ်တစ်နှစ်၏ မိုးအကုန် ဆောင်းအကူးကာလ။ အချိန်အားဖြင့်ဆိုလျှင် ၂၀၁၆ခုနှစ်၊ နှစ်ကုန်လုဆဲဆဲအချိန်၌ဖြစ်သည်။ ရန်ကုန်ဆောင်းသည် ရှမ်းပြည်နယ်နှင့် အချို့သောဒေသများ၏ ဆောင်းဥတုနီးပါး အချမ်းဒဏ်ကိုမခံစားရသော်လည်း ဆောင်းရာသီ၏အငွေ့အသက်များကိုတော့ ထိတွေ့ခံစားရပေ၏။

        ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဟုဆိုနိုင်သည့် မြို့လယ်ရှိမဟာဗန္ဓုလပန်းခြံတွင် အနားယူအပန်းဖြေသူများ၊ ပြေးလွှားဆော့ကစား​နေသူများနှင့် စည်ကားလျက်ရှိ​ပေသည်။ ညနေစောင်းနေအေးချိန်လည်းဖြစ်တာကြောင့် ရာသီဥတုက အနည်းငယ်
ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့သည်။

        ပန်းခြံအဝင်လမ်းတစ်လျှောက် ဘေးတစ်ဖက် တစ်ချက်စီတွင် အရောင်အသွေးစုံလင်လှသော သစ်ပင်ပန်းမန်များနှင့်ခြံရံထားပြီး သက်တမ်းရင့် နှစ်ရှည်ပင်များကလည်း သူ့ထက်ငါအပြိုင် ဂုဏ်ဝင့်လျက် အထက်ကောင်းကင်ပြင်ကို ငေးမျှော်ကြည့်နေကြပေသည်။

        ထိုပန်းခြံအတွင်းရှိ သက်တမ်းရှည်သစ်ပင်များအနီးက ကွန်ကရစ်လောင်းထား​သော အုတ်ခုံတစ်ခုံပေါ်တွင် အထက်တန်းကျောင်းသားအရွယ် ကောင်လေးနှစ်ဦးထိုင်နေကြသည်။ မျက်ခုံးမွှေးမထူတထူ၊ အသားကဖြူဖြူဖွေးဖွေးနှင့် အရပ်မြင့်ဟန်ရှိသည့် ကောင်လေးတစ်ယောက်က သဲကြီးမဲကြီးနှင့် ဂိမ်းကစားနေ၏။ ရယ်လိုက်တိုင်း လက်ဝဲဘက်အခြမ်းက သွားတက်ကလေးပေါ်နေတတ်ပြီး ဗမာဆန်ဆန် ဝင်းလတ်သောအသားအရည်ကိုပိုင်ဆိုင်ထားသည့် ကောင်လေးကတော့ ဂိမ်းထဲအာရုံ​ရောက်နေသော သူ၏နံဘေးမှကောင်လေးကို တွေတွေကလေး စောင်းငဲ့ကြည့်နေလေသည်။ ထိုကောင်လေးနှစ်ယောက်သည် အလယ်တန်းကျောင်းသားအရွယ်ကတည်းက ပုခုံးဖက်ပေါင်းလာကြသည့် ဆိုးတူကောင်းဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ တစ်ယောက်အခက်အခဲတွေ့ ချိန်တိုင်း ကျန်တစ်ယောက်က မားမားမတ်မတ်နှင့် ရင်ဆိုင်ဖြေရှင်းပေးသလို တစ်ဦးကဝမ်းနည်းသည့်အခါတွင်လည်း ကျန်တစ်ဦးက ရင်ဖွင့်စရာနားတစ်စုံအဖြစ်၊ ဒါမှမဟုတ် တွဲထူဖို့လက်တစ်ဖက်အဖြစ် အသင့်ရှိနေခဲ့ကြ​ပေသည်။

You've reached the end of published parts.

⏰ Last updated: Oct 14, 2020 ⏰

Add this story to your Library to get notified about new parts!

ကာလာစုံဝတ္ထုတိုများ စုစည်းမှုWhere stories live. Discover now