အပိုင်း - ၂၀
149 6 2
ယုံကြည်​မည်​ဆိုလျှင်​ဖြင့်
....................................        အပိုင်း - ၂၀
                                         တီတီ...တီတီ...တီတီတီ....!!!
                                          နှိုက်​နှိုက်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည်​မို့ အိပ်​ခန်း ​ထဲမှာ
အိပ်​ကုတင်​ နံ​ဘေး မီးအိမ်​ တင်​သည့်​ ခုံမှာ တင်​ထားသည့်​ နာရီ​လေးက နှိုးစက်​အသံ
 တတီတီနှင့်​ မြည်​လာသည်​။
မွေ့ယာ​ပေါ်မှာ ခန္ဒာကိုယ်​ကို နည်းနည်း တွန့်​လိမ်​လိုက်​သည်​။ ပြီး​လျှင်​ တဖြည်း
ဖြည်းနှင့်​ သူ၏ လက်​က​လေးက မီးအိမ်​နံ​ဘေးမှာ တင်​ထားသည့်​ နာရီ​လေးဆီ​ရောက်​ပြီး နာရီကို လှမ်းယူလိုက်​ကာ သူ့မျက်​နှာနှင့်​ အနီးဆုံးထားသည်​။ ပြီး
လျှင်​ မျက်​လုံးကို ချက်​ချင်းမဖွင့်​​သေးပဲ နာရီ မျက်​နှာပြင်​ အ၀ိုင်း​လေးကို ​စေတန့်
မျက်​လုံးနှင့်​ ဖြည်းဖြည်းချင်း​လေးဖွင့်​ကြည့်​လိုက်​သည်​။ မြင်​လိုက်​ရသည့်​ မြင်​ကွင်း
က သိပ်​မရှင်းသည်​မို့ မျက်​လုံးတစ်​စုံကို လက်​ဖမိုး​လေးနှင့်​ အသာ​လေးပွတ်​တိုက်
လိုက်​ပြီး နာရီ မျက်​နှာပြင်​​က​လေးကို ​သေ​သေချာချာ​လေးကြည့်​လိုက်​ချိန်​တွင်​ နှိုးစက်​အသံ​တို့ ဆက်​တိုက်​မြည်​​နေသည့်​ နာရီ၏ လက်​တံ​က​လေးက မနက်
ခြောက်​နာရီကို ထိုး​နေ​လေပြီ။  ​စေတန်​ နာရီ ကို မီးအိမ်​တင်​သည့်​ ခုံ​လေးမှာ
ပြန်​ထားလိုက်​ပြီး နှိုးစက်​မြည်​သံကို ပိတ်​လိုက်​သည်​။ အိပ်​ယာ​ပေါ်မှာအ
ချိန်​အနည်းငယ်​ ​ပေကပ်​ကပ်​​က​လေး လုပ်​ကာ ​နေ၏။ ပြီးမှ အိပ်​ယာ​ပေါ်က​နေ ထ
လိုက်​ကာ အိပ်​ကုတင်​​ပေါ်က ချက်​ချင်းမဆင်း​သေးပဲ အိပ်​ယာ က​နေ နည်းနည်း​ရွှေ့
လိုက်​ကာ ​မွေ့ယာ​အစွမ်းမှာ ဖင်​ချထိုင်​ထားပြီး ​ခြေ​တစ်​စုံကို​ ကြမ်းခင်းပြင်​မှာ
စုံချထားသည်​။ ပြီးမှ ​ခေါင်းရင်းဘက်​က ဖုန်းကို လက်​လှမ်းယူသည်​။ ဖုန်းစခရင်​ကို
တစ်​ချက်​ဖွင့်​လိုက်​ပြီး ဖုန်း ကင်​တန့်​ထဲက နာမည်​တစ်​ခုကို လိုက်​ရှာသည်​။ ပြီးမှအိပ်
ယာက​နေ ထရပ်​ကာ အိပ်​ခန်း ပြတင်း​ပေါက်​အနားကို ဖြည်းဖြည်းချင်း​လျှောက်
သွားပြီး ဖုန်း​ခေါ်ထားသည်​မို့ ဖုန်းကို နားမှာကပ်​ထားသည်​။
ချစ်သော ပို၍ ချစ်သော ( Ongoing )Donde viven las historias. Descúbrelo ahora