Part(9)

6.3K 582 18
                                    

Unicode

အနှင်းကဖုန်းဆက်ခေါ်သဖြင့်မဟော်ထွက်လာခဲ့သည်။ဇွဲကိုအိမ်မှာမို့ ဇွဲကိုပါလိုက်လာခဲ့သည်။

ကော်ဖီဆိုင်လေးကကျဉ်းလှသော်လည်း
နည်းနည်းတိတ်တဆိတ်ရှိလှပါ၏။
ကော်ဖီဆိုင်ထောင့်ဘက်ရှိဝိုင်းတစ်ဝိုင်းတွင် အနှင်းကရောက်နှင့်နေလေပြီ။
ကော်ဖီတွေပင်မှာထားတာကြာပြီလားမသိ
နွေးရုံလေးသာနွေးနေသည်။

"မဟော်"

အနှင်း၏စကားသံကြောင့် မဟော်အနှင်းကို
မျက်လုံးများပင့်ကြည့်မိလိုက်၏။

"နင် ဘာဆက်လုပ်မလဲ"

မဟော် သက်ပြင်းရှည်တစ်ချက်ကိုညဉ်းတွား၍ချလိုက်၏။

"ငါ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဘူးအနှင်း"

"ဒါဆိုနင်အခုဘာဖြစ်ချင်လဲ"

အနှင်းက မဟော့်ကိစ္စကိုသူ့ကိစ္စလိုအရေးတယူလုပ်ပြီး ပြောပေးသဖြင့် မဟော်သူ့ကိုကျေးဇူးတင်မိသည်။သူ့အပေါ်တကယ်ကောင်းသည့်အနှင်း။ထိုသူငယ်ချင်းမျိုးအတော်ရှားလှ၏။

"ငါ ဦးကိုပိုင်ဆိုင်ချင်တယ် ငါလေ ဦးကိုငါ့အနားမှာထားချင်တယ်ဟာ ဖြစ်နိုင်ရင်လေ
ငါဦးကိုရွှေကျုတ်ထဲထည့်ပြီးတော့ကိုငုံထားချင်တာ အနှင်းရ ငါသူ့ကိုအရမ်းချစ်တယ်
သူအသိအမှတ်မပြုရင်တောင် ငါသူ့ကိုရှေ့ဆက်ချစ်နေဦးမှာ"

မဟော့်စကားများသည် နွေးထွေးညင်သာ‌နေ၏။နူးညံ့နက်ရှိုင်းမှုတွေအပြည့်ဖြင့် တန်ဆာဆင်ထားသောချစ်စကားတစ်ခွန်းကသူ့အတွက်တစ်စုံတစ်ဦး၏အမိန့်သံလောက်တော့ ချိုမြမည်မထင်ပါ။

ချစ်တယ်ဦးရယ် ချစ်တယ် ကျွန်တော်ဦးကိုအရမ်းချစ်တယ်

"ဒါပေမယ့်..."

မဟော်ကခုနကပြတ်သွားသောစကားကိုပြန်ဆက်လိုက်သည်။

"ငါ့ရင်ခွင်ထဲမှာနေဖို့သူမပျော်မှတော့
ငါ သူ့ကိုအတင်းရယူပြီး စိတ်ဆင်းရဲအောင်မလုပ်ချင်တော့ပါဘူး"

မဟော် သိမ်မွေ့နက်နဲသောအပြုံးတစ်ခုကိုတပ်ဆင်လိုက်သည်။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Where stories live. Discover now