အပိုင်း ၂

1.4K 177 55
                                    

သည်လိုနှင့် ရပ်ကွက်ထဲမှာသာလေကြွားရဲသောမောင်မောင်ရယ် သတင်းကြားနေပေမဲ့ အဖတ်မလုပ်သော နှင်းတို့အတွက် ကံကြမ္မာသည် လှည့်ကွက်ဆင်ပေးခဲ့လေ၏။

လမိုက်ညတစ်ညမှာ နှင်းတစ်ယောက်ထဲနေသည့်အိမ်သို့ သူခိုးဝင်သည်။ တစ်ရပ်ကွက်လုံးဆူဆူညံညံဖြစ်ကုန်၏။ သူခိုးကိုဝိုင်းဖမ်းသူတွေထဲ မောင်မောင်ကထိပ်ဆုံးတွင်ရှိပြီး ဒေါသတကြီးဖြစ်နေလေသည်။ သူခိုးကိုတော့မမိလိုက်ကြ။ နှင်း သည်လဲတစ်ယောက်တည်းမအိပ်ရဲတော့ပဲ ထိုင်ငိုနေရှာသည်။ ရပ်ရွာလူကြီးတွေကောင်းမှု့ဖြင့် မောင်မောင်တစ်ယောက်သာ ညစောင့်ကျသွားရ၏။

မောင်မောင်ကသူ့ရှေ့တွင် ​ကျုံ့ကျုံ့လေးထိုင် တရှုံ့ရှုံ့ငိုနေသေးသည့်ဟာလေးကို ဆောင့်ဆွဲဖက်နမ်းပစ်ချင်စိတ်ကို
အတင်းမြိုသိပ်နေရသည်။ ထိုဟာလေးကို အနီးကပ်သေချာကြည့်ခွင့်ရနေသည်မို့ ထပ်ခါတလဲကြည့်နေမိသည်။ အဝေးကခိုးကြည့်ခဲ့ရချိန်များမှာတောင် ရင်ခုန်နေခဲ့သည်မို့ ယခုအနေထားသည် မောင်မောင့်ကိုအသက်ရှုဖို့မေ့စေသည်အထိ ထိချက်ပြင်းပါ၏။

သည်မျှ ချစ်စရာကောင်းသူလေးကို အချောင်ကြံသွားသော လူ့ငနွားတွေကရှိသေးသည်။ နှမချင်းမှကိုယ်ချင်းမစာ အဲလေ
အစစ်မဟုတ်၍ မည်သို့နှိုင်းရပါ့။ ထားပါတော့။ မည်သို့ဆိုဆို ဒါလေးကိုချူစားသူများအား ခွေးဝဲစား၊သူတောင်းစားတွေဟုသတ်မှတ်လိုက်ပါမည်။

>ထွီ... လူစိတ်မရှိတဲ့ဟာတွေ သူတို့ကိုသူတို့များ ယောက်ကျားဖြစ်လာတာဆိုပြီး ဂုဏ်ယူနေကြသေးတယ်။ အကုန်ဖြတ်ပြီးကုန်းကုန်း လုပ်ခိုင်းပစ်ရမှာ ဟင်းးးဟင်းးး။<

တွေးရင်း တွေးရင်း နှမျောတသဖြစ်လာသည်။ ဒေါသတွေထွက်လာ၏။ စိတ်ပျက်စွာ သက်ပြင်းချမိလိုက်သည့်အသံက မတော်တဆကျယ်သွားရသည်။ အရှေ့တွင်ထိုင်နေသော မောင်မောင့်အသည်းအူတုံကလေးသည် မောင်မောင့်ကို ချစ်ရည်ရွှန်းလဲ့မဟုတ်သော မျက်ရည်ရွှန်းလဲ့ မျက်ဝန်းတွေဖြင့် မော့ကြည့်လာလေသည်။

"ငိုမနေတော့နဲ့ စိတ်ချလက်ချ
သွားဝင်အိပ်ချေ ကျုပ်မနက်ထိ
ထိုင်စောင့်ပေးမယ်"

မောင့်အချစ်သာ တကယ်စစ်လေသည်။ जहाँ कहानियाँ रहती हैं। अभी खोजें