အပိုင်း ၃

1.3K 160 22
                                    

(မဆိုစလောက်ကလေး + မယ်နော်)

သူချစ်ရသောသူလေးနဲ့ တရားဝင် အတူတူနေထိုင်ခွင့်ရသွားသော မောင်မောင်သည် မျောက်အုန်းသီးရလိုက်သလို ပျော်ရွှင်နေသည်။ နှင်းလေးကဘယ်လိုလှတာ နှင်းလေးကဘယ်လိုအသန့်ကြိုက်တာ စသည်ဖြင့် ရပ်ကွက်ထဲမှာကြွားသည်။

အခြောက်တွေကိုဆို ညစ်တီးညစ်ပတ်ပြောဆို စ နောက်တတ်သော ကာလသားများနှင့်မောင်မောင်ကမတည့်။ သူ့ရှေ့ရောသူ့နောက်ကွယ်မှာပါ နှင်းလေးအတင်းကိုပြောသူများအား ရန်လိုက်စွာ၏။ သူ့လက်သုံးစကားသည် (မယားထိ ဓားကြည့်) ဖြစ်သည်။

ကြာလာတော့ တစ်ရပ်ကွက်လုံးက မောင်မောင့်လက်စကိုကြောက်လာသည်။ ရှေ့တင်ရောကွယ်ရာပါ အတင်းမဆိုရဲကြတော့။ မောင်မောင်ကတော့ သူ့နှင်းလေးလက်ကိုဆွဲ၍ပြုံးပျော်မဆုံးရှိနေတော့သည်။ သို့သော် မောင်မောင်တို့မှာလင်မယားအရာမမြောက်သေးချေ။ တရားခံကမောင်မောင်ပင်ဖြစ်၏။ ၂၅ နှစ်အရွယ်လူငယ်ဖြစ်၍ လိင်မှု့ကိစ္စကိုမသိဘူးဆိုသည်ကမဖြစ်နိုင်။ ဖြစ်လာသည်က ယခုမှ ဂေးသွားသူမို့ နည်းလမ်းမသိခြင်းသာဖြစ်လေသည်။

" နှင်းရေ အစ်မဆံပင်လေး
စက်ဆွဲပေးပါဦး ညနေ သမီးလေး
သူငယ်ချင်းရဲ့မွေးနေ့အလှူဆိုလို့
လှလှလေးသွားချင်လို့ နော်"

"လာလေ မခင်ရဲ့ ပြောနေစရာလား
နှင်းက လှလှလေးဖြစ်အောင်လုပ်ပေးလိုက်မယ်"

အိမ်နောက်ဖေးမှာ ရေတုံကင်နှိပ်ကာရေဖြည့်နေသော မောင်မောင်က အိမ်ရှေ့ကနေလွင့်လာသောစကားသံတို့ကိုနားစွင့်လိုက်သည်။ မခင်အသံဆိုတာသေချာသည်နှင့် အိမ်ဘေးကနေပတ်၍ ဆိုင်ရှေ့သို့ခပ်သုတ်သုတ်သွားသည်။ ဆိုင်ထဲကခုံတွင်ထိုင်နေသော မခင်အားစိမ်းစိမ်းကြီး စိုက်ကြည့်လိုက်လေသည်။ မခင်ကလဲအထာနပ်ပါသည်။

"အဟဲ.. ငါပိုက်ဆံပေးမှာပါဟယ်
နင်ကလည်း အဲ့လိုကြီးလာမကြည့်ပါနဲ့"

မလုံမလဲဖြင့်ပင် သူ့အထုတ်ကိုသူဖြေချလိုက်ရလေသည်။ မခင်က ရပ်ကွက်ထဲတွင်အလည်ဆုံးဖြစ်သည်။ မည်သူ့ကိုဖြစ်စေ စီးပိုးလိုက်ရမှကျေနပ်တတ်သောသူ။

မောင့်အချစ်သာ တကယ်စစ်လေသည်။ Nơi câu chuyện tồn tại. Hãy khám phá bây giờ