ဇာတ်သိမ်းပိုင်း

2.2K 227 65
                                    

မောင်မောင့်အဖြစ်ကို သနားသူရှိသလို ဟားသူတွေလဲရှိသည်။ ဘယ်အရပ် ဘယ်ဇာတိကမှန်းမသိသူကိုချစ်မိတော့ ချစ်သူကထားခဲ့၍ကျန်ခဲ့ရသူ။ မျှော်သာမျှော် ပေါ်မလာသူလေးကို မောင်မောင်မမုန်းရက်ပါ။ လွမ်းမိတိုင်း ထိုင်မှိုင်တတ်ပေမဲ့ မျှော်လင့်ချက်တွေကပျောက်ဆုံးမသွားခဲ့။ ပြန်လာမယ်လို့သေချာပေါက်ပြောသွားသည်ကို ယုံကြည်ပေးရမည်။

သက်နှင်း ဆံပင် မိတ်ကပ် အလှပြုပြင်ရေး ဟူသောဆိုင်းဘုတ်ကလေးမှာအရောင်ဆင်းကင်းမဲ့နေလေပြီ။ တိုက်အိမ်ကလေးသည်လဲ သူ့သခင်မရှိ၍ ဆွေးမြည့်ပူဆွေးနေသယောင် ထိုင်းမှိုင်းလျက်။

"ဟင်းးးးးးသားရယ် တနှစ်နီးပါး ပေါင်းဖက်လာပြီး နေရပ်ဇာတိလေးတောင်မမေးမြန်းကြည့်မိခဲ့ဘူးတဲ့လား
မင်းအခုလို စိတ်ဆင်းရဲနေတာမြင်ရတာ အမေ့ရင်ထဲမချိဘူးကွယ် ငါ့သားလေး ဝဋ်ကြွေးကြီးလိုက်တာ မိန်းကလေးတစ်ယောက်ယောက်နဲ့ အတည်တကျ အိမ်ထောင်ပြုလိုက်ဆိုတော့လဲ သင်းမှသင်းဖြစ်နေပြန်တော့ ငါရူးချင်တော့တာပဲ"

အိမ်ရှေ့မှာထိုင်ပြီး ညည်းညူနေသောမိခင်ကိုကြည့်ပြီး မောင်မောင်စိတ်မကောင်းဖြစ်ပါသည်။ သို့သော်မတတ်နိုင်။

"သူပြန်လာမယ်ပြောသွားတာကို သားကစောင့်ရမှာပေါ့အမေ အိမ်ထောင်ပြုဖို့ဆိုတာကိုယ်ကချစ်အုံးမှလေ သားကိုဒီအတိုင်းလွှတ်ထားပေးပါဗျာ တစ်ခါတလေမှိုင်မိတာပါ''

မိခင်ကိုပြန်ပြောပြီး ထိုင်နေရာမှထခဲ့သည်။ ဆိုက္ကားထွက်နင်းနေတာသာကောင်းလိမ့်မည်မို့ ဂိတ်ဆီသို့ဦးတည်လိုက်၏။

...........................

ရက်တွေ လ တွေပြောင်းလာခဲ့သည်။ မောင်မောင့်ရင်ခွင်ကနေ နှင်းလေးထွက်သွားခဲ့တာ လေးနှစ်ကျော်လာခဲ့ပြီ။ အိမ်ထောင်ပြုဖို့ခဏခဏပြောတတ်သော မိခင်ကြီးလဲလက်လျော့သွားခဲ့ပြီ။ အမြဲတမ်း စ နောက် လှောင်ပြောင်တတ်သောပတ်ဝန်းကျင်လဲ ငြိမ်သက်စပြုသည်။

ပိုင်ရှင်မဲ့နေသော အိမ်လေးမှာတောက်တဲ့လိုတွယ်ကပ်၍ မခွဲခွာနိုင်သောမောင်မောင်။ အချိန်တွေပြောင်းလာသလို ခေတ်ကလဲရွေ့နေသည်။ ဆိုက္ကားနင်းသမားတွေပျောက်ကာ ဆိုင်ကယ်မောင်းသူတွေပေါလာသည်။

မောင့်အချစ်သာ တကယ်စစ်လေသည်။ Where stories live. Discover now