အခန်း3

59 4 0
                                    

နယ်မြေကိုးခု၏အရှင်သခင်
Author... I Eat Tomatoes
ဘာသာပြန်သူ...သုံးရာသီ

အခန်း ၃ ယန်ကျိုးမြို့

နွေဦး ရာသီဆိုစေကာ မိုးမ်ားက  သည်းထန်စွာ ရွာသွင်းနေသည်။  မိုးရေက ယန်ကျိုးမြို့ကို ဖုံးလွှမ်းသွားသည်။ ယန်ကျိိုးမြို့ရှိ မိုးမခ လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ် ပြတင်းတံခါးနားတွင် မျက်မှန်ဝတ်ဆင်ထားသည့် ထန်းချင်းရှန် ထိုင်နေသည်။ သူ၏ ရှေ့တွင် ပဲနို့တခွက်နှင့် ပေါက်စီတလုံး ရှိနေသည်။

  ငါရှိတဲ့နေရာကို သိသွားပြီးဆိုတော့ ဟစ်မန်းတွေက တရက်နှစ်ရက်အတွင်း ငါ့ကို ရှာတွေ့ကြလိမ့်မယ် 

ထန်းချင်းရှန် အမှောင်လက်အဖွဲ့အစည်း၏ ထောက်ရေးနယ်ပယ်ဟာ ကြီးမားကျယ်ပြန့်တာကိ သိရှိထားသည်။ အန်ရီကောင်တီမြို့သည်က ယန်ကျိုးမြို့၏ လက်အောက်ခံ ခရိုင်ငယ်မြို့လေးတခုသာဖြစ်သည်။  လွန်ခဲ့သည့်က ညက ကီလိုမီတာ တရာအကွာလောက်မှာရှိသည့် ဒီမြို့ကို သူရောက်လာခဲ့သည်။  လက်ရှိနေရာထက် ပိုမိုဝေးကွာသည့် နေရာကို သူက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပေမယ့် မပြေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်  ယန်ကျိုးမြို့တွင် သူတွေ့ချင်သည့် လူတယောက်ရှိနေသည်။

ချင်းဟီ 
ထန်းချင်းရှန် အေဝးမွ နှစ်ထပ်အိမ်ကို လှမ်းကြည့်လိုက်သည်။ သူသည် ပဲနို့နှင့် ပေါက်စီကိုစားပြီးသွားသည်နှင့် ရေနွေးကြမ်းကို သောက်ကာစောင့်နေသည်။ သူ ရေနွေးကြမ်းကို တတိယအကြိ်မ် ငှဲ့လိုက်ချိန်တွင် စောင့်ဆိုင်းနေတာ အချိန်တနာရီနီးပါး ရှိသွားပြီဖြစ်သည်။ သို့သော် သူမျှော်လင့်သည့် လူကို မတွေ့ရသေးချေ။

ငါပြန်ဖို့ သင့်ပြီ    ထန်းချင်းရှန် တွေးလိုက်သည်။  ထန်းချင်းရှန် လက်ဖက်ရည်ဆိုင်ထွက်ခွာကာ ယန်ကျိုးရှိ သူငှားရမ်းသည့် အိမ္ကို  ပြန်သွားလိုက်သည်။ သူ၏ အိမ္က ယန်ကျိုးရှိ ရှီချန် ခရိုင်တွင် ရှိသော အိမ်တလုံးဖြစ်သည်။ ဤကဲ့သို့သော အိမ်တလုံး၏  တလငှားရမ်းခမှာရင်မင်ဘီတထောင်ခန့်သာ ရှိပြီး သုံးလအတွက်သူက ရင်မင်ဘီတသောင်းကို ပေးချေထားလိုက်သည်။ ရလဒ္ကေတာ့ ပိုင်ရှင်သည် သူ၏ သက်သေခံကဒ်ပြားကို တောင်းယူခြင်းမရှိချေ။  စကားချပ်- ရင်မင်ဘီဆိုသည်က ယွမ်လိုပင် တရုတ်ပြည်သုံးငွေကြေးဖြစ်ပါတယ် မြန်မာငွေ ၁၉၆ကျပ် ၇၂ပြားနဲ့ တစ် ရင်မင်ဘီက ညီမျှပါတယ် ။

နယ်မြေကိုးခု၏ အရှင်သခင်Where stories live. Discover now