အခန်း5

45 3 0
                                    

နယ်မြေကိုးခု၏အရှင်သခင်
Author... I Eat Tomatoes
ဘာသာပြန်သူ....သုံးရာသီ

အခန်း၅-အင်အားကြီး ရန္သူမ်ား

မိုးမခအိမ်အနီးတွင်ရှိသော အဖြူရောင်တိမ်တိုက်ကဖေးတွင် ထန်းချင်းရှန်နှင့် လင်းချင် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။အချိန်ကြာလာသည်နှင်အမျှ နေသည် တောင်ကြားထဲသို့ဆင်းသက်လာခဲ့သည်။

   လင်းချင် လျင်မြန်စွာ ပြတင်းပေါက်အပြင်ဘက်သို့ ဖ်တ္ခနဲ ကြည့်လိုက်သည်။ တစ်ရက်သာ ကုန်သွားသော်လည်း သူမတွင် ဘာအကြံညဏ်မှ ထွက်မလာခဲ့ပေ။ သူမရှေ့တွင် ဖြတ်သွားသော ထန်းချင်းရှန်ကိုကြည့်ရင်း တည်ငြိမ်အေးချမ်းစွာ ပြုံးနေမိသည်။သူ့အား ကြည့်လိုက်သည့်အချိန်တိုင်း သူမ၏ အကူအညီမဲ့အထီးကျန်သော နှလုံးသားဟာ အမြဲတမ်းသာယာအေးချမ်းမှုကို ခံစားရစေသည်။

     ထန်းချင်းရှန်က သူ၏ကျောပေါ်၌ သူမအား သယ်ဆောင်ပြီး တောင်လမ်းပေါ် မိုင်20ကြာသည်အထိ လမ်းလျှောက်ခဲ့သည်ကို လင်ရှီ ပြန်တွေးနေခဲ့မိသည်။သူ၏ကျောပေါ်တွင် နေရသော ခံစားခ်က္ကို ဘယ်တော့မှမေ့နိုင်မည်မဟုတ်ချေ။

           သူမဘဝ၌ ထိုကဲ့သို့သော ခံစားချက်မျိုး မခံစားရဖူးပါ။
         "ကမ်ဘာမြေနှင့်ကောင်းကင်ဘုံ မပျက်သုဉ်းခင်အထိ ငါသာ သူ့ကိုထာဝရကြည့်နိုင်ရင်"
လင်းချင်သူမ၏စိတ်နှလုံးတွင် တွေးနေခဲ့မိသည်။သို့သော်လည်း လူတစ်ယောက်၏ပုံရိပ်ဟာ စိတ်ထဲပေါ်လာခဲ့ပြီး လင်းချင်ရဲ့နှလုံးသားလေး သိမ့်သိမ့်တုန် သွားခဲ့သည်။
"ဟင့်အင်၊ ငါ ဒီထက်ပိုပြီး ထန်းချင်းရှန်ကို ဆက်မနှောင့်ယှက်သင့်ဘူး။အန်ရီခရိုင်မှာတွေ့တုန်းက အရေးမကြီးခဲ့ပေမယ့် အခု ယန်ကျိုးမြို့မှာ သူ့ကိုတွေ့ရ ပြီ နောက်ထပ်မတွေ့ပဲ ပျက်စဲကြတာပေါ့  "ဟု စိတ်ထဲ တွေးနေမိသည်။
       သို့သော်လည်း လင်းချင် ထန်းချင်းရှန်ကို နောက်ထပ်မတွေ့ဖို့ စဉ်းစားမိတဲ့အချိန်တိုင်း သူမ၏နှလုံးသားက နာကျင်မှုကိုခံစားရသည်။ ရှင်းအန်တောင်တွင် သူတို့နှစ်ယောက်တွေ့ဆုံမှုက ကံကြမ္မာကြောင့်သာဖြစ်ပါသည်။
    
အန်ရီခရိုင်မှာ နောက်ထပ်တွေ့ဆုံမှုသည်လည်း ကံကြမ္မာအတိုင်းသာ ဖြစ်ခဲ့သည်။ ယခု ယန်ကျိုးမြို့မှာ ထပ်ပြီးတွေ့ဆုံမှုဟာ လင်ရှီအတွက် ကောင်းကင်မှ သူမ၏ဆန္ဒများကို ဖြည့်ဆည်းပေးနေသည့်အလား ခံစားမိသည်။    
      ထန်းချင်းရှန် သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူ ဒီနေ့တစ်နေ့လုံး စောင့်ဆိုင်းနေခဲ့သော်လည်း သူ၏ညီ ချင်းဟီနှင့် တွေ့ဆုံရချင်းမရှိချေ။
      "အမ်?" ထန်းချင်းရှန် ကဖေးတွင်ဖွင့်နေသော သီချင်းအား ရုတ်တရက် သတိထားမိသွားသည်။ "ဒီသီချင်းက ချီချင်ရဲ့ (One Game,One Dream)ပဲ"
     
  "လင်းချင် ချီချင်ရဲ့ဒီသီချင်းကို ဘယ္လိုသေဘာရလဲ"ထန်းချင်းရှန် မှိန်းပြပြ အပြုံးဖြင့် မေးလိုက်သည်။
      လင်းချင်က သီချင်းကို ခေတ္တနားထောင်ကာ ပြုံးရယ်လိုက်ရင်း"One Game,One Dream?ဒီသီချင်းကို ချီချင် ဆိုခဲ့ပေမယ့် ဝမ်ဂျီဒီက မူပိုင်ပါ"ဟု ပြောလိုက်သည်။

နယ်မြေကိုးခု၏ အရှင်သခင်Where stories live. Discover now