အခန်း11

28 2 0
                                    

နယ်မြေကိုးခု၏အရှင်သခင်

အပိုင်း ၁၁ အပြစ်ဘေးမှ လွတ်မြောက်ချင်သော ချူထျန်း

ရှင့်ကို ပြုံးပြတယ်ဟုတ်လား
လီရန် အံ့အားတကြီးဆိုသည်။

မသိဘူး ငါလည်း ဘာကြောင့်မှန်း မသိဘူး။ ဒါပေမယ့် ဓားပ်ံမ်ားရဲ့ အထီးကျန်ဝံပုလွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တော့ ရှိနေပုံ မရဘူး
ချင်ဟုံ စိတ်ရှုပ်ထွေးစွာပြောသည်။

ဘာကြောင့်မှန်းတော့ မသိဘူး ဓားပ်ံမ်ားရဲ့ အထီးကျန်ဝံပုလွေကို ရင်းနှီးနေသလို ခံစားရတယ်။ ဒါပေမယ့် ဘယ်လိုစဉ်းစား စဉ်းစား မမှတ်မိတော့ဘူး

မမှတ်မိရင်လည်း တွေးမနေနဲ့တော့
လီရန္က ပိတ်ပြောလာသည်။

တခဏကြာတဲ့အခါ တံခါးခေါက်သံ ထွက်လာသည်။
အကိုယန် ထင်တယ် ငါသွားဖွင့်လိုက်မယ်

ချင်ဟုံက ပြောလိုက်ရင်း ဧည့်ခန်းဘက် ထွက်သွားသည်။ တံခါးမဖွင့်ခင် ချောင်းကြည့်ပေါက်ကနေ တစ်ချက်ကြည့်လိုက်သေးသည်။အရပ်၁.၇၅လောက်မြင့်ကာ မျက်မှန်တပ်ထားပြီး တည်ကြည်တဲ့သူက အပြင်ဘက်တွင် ရပ်နေတာကို တွေ့ရသည်။

ထိုသူ၀င်လာတာနဲ့ ချင်ဟုံ တံခါးကို ပြန်ပိတ်လိုက်သည်။

ထိုအချိန်မှာပင် လီရန်လည်း အခန်းထဲက ထွက်လာသည်။

အကိုယန် လီရန် အပြုံးနဲ့ နှုတ်ဆတ်လိုက်သည်။

ရန်လေး မင်းက ကိုယ်၀န်ကြီးနဲ့လေ။ ဘာလို့ လျှောက်ပြေးနေရတာလဲ။ နားနားနေနေ နေပါ
အကိုယန္က အပြုံးနဲ့ ပြောသည်။

အကိုယန်ရဲ့နာမည်က ယန်ယွန်ဖြစ်ကာ ကျန်းဆူတစ်ခုလုံးအား ကာကွယ်ပေးရသည့် အထူးကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သည်။ သူက တကယ့်ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ ဓားပျံများရဲ့အထီးကျန်ဝံပုလွေနဲ့နတ်ဘုရားတိုင်းပြည်ရဲ့ လူသန်ကြီးနှစ်ယောက်တို့ ပါ၀င်ပက်သတ်လာချိန်တွင် အထူးကာကွယ်ရေးအဖွဲ့သားတွေ အားလုံး ယန်ကျိုးသို့ ရောက်နေခဲ့ကြတာဖြစ်သည်။

ယန်ယွန်က ချင်ဟုံကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။

ချင်ဟုံ ဓားပျံများရဲ့အထီးကျန်ဝံပုလွေနဲ့ တွေ့ခဲ့တယ်လို့ မင်းငါ့ကိုပြောတယ်နော်။ သူ ဒီမှာရှိသေးလားဆိုတာ ငါ့ကို စစ်ဆေးပေးလို့ရမလား

နယ်မြေကိုးခု၏ အရှင်သခင်Where stories live. Discover now