Part - 22 (U, Z)

919 85 0
                                    

[Unicode]

ရောင်စုံမီးများနှင့် သီချင်းသံတွေဆူညံနေပြီး ခပ်ငယ်ငယ်ကောင်လေး၊ ကောင်မလေးတချို့က ပျော်ပါးကခုန်နေကြသည်။ ခုံတစ်ခုံမှာအေးအေးဆေးဆေးထိုင် ကိုယ့်ခွက်လေးကိုကိုင် အဖော်ကိုယ်စီဖြင့် သာယာနေကြသူများလည်းရှိသည်။

အပျော်အပါးမက်ပေမယ့် တသီးတသန့်ဆန်ချင်သူများကလည်း ကြေးကြီးကြီးပေးငှားရသော သီးသန့်အခန်းများတွင် ကိုယ့်အဖွဲ့နဲ့ကိုယ်ပျော်စရာတွေဖန်တီးနေကြသည်။ ထိုကဲ့သို့သီးသန့်အခန်းတစ်ခန်းတွင် အသိုင်းအဝိုင်းကြီးကမိန်းမပျိုလေးများ ဝိုင်းဖွဲ့ကာသောက်စားပျော်ပါးနေကြသည်။

"ဟေး ယူတို့ ဒီကိုကြည့်ကြဦး 1..2..3 say cheese!"

"Cheese..."

"လှရဲ့လား ပြကြည့်ဦး"

"လှပါတယ် ယူရယ် ကိုယ်တို့ပုံတွေကဘယ်တုန်းကမလှတာရှိဖူးလဲ ပြောပါဦး"

"ဟဟ ဟုတ်တာပေါ့ ဒါပေမယ့် မေရီထင်တာတော့ ခက်ရဲ့ဖုန်းကိုကပုံရိုက်ရင်ပိုလှသလိုပဲ မေရီ့ရဲ့ဖုန်းက ခက်ရဲ့ဖုန်းလိုမလှဘူး"

"ဪ မေရီရယ် ဒါကတော့ ဟိုကဝယ်လာတာနဲ့ဒီမှာဝယ်တာနဲ့ နည်းနည်းကွာမှာပေါ့။ နောက် ယူဖုန်းလဲချင်ရင်ပြောလေ ကိုယ်ဝယ်ခိုင်းလိုက်မယ်"

"‌အိုခေ ကျေးဇူးခက် မေရီလိုရင်ပြောမယ်နော်။ ဒါနဲ့ ခက်ကိုမေရီမေးစရာရှိတယ်"

"အင်း မေးလေ ဘာမေးချင်လို့လဲ"

"ဟို... ကိုထိုက်နဲ့မတွေ့ဖြစ်လို့လေ အဲ့ဒါခက်နဲ့များ..."

"ကိုယ်နဲ့ ထိုက်က အဆက်အသွယ်မရှိတော့တာကြာပြီ မေရီရဲ့ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး မတွေ့တာကြာလို့ မေးကြည့်တာပါ"

"အင်းပါ မေရီ ကိုယ် Toilet ခဏသွားလိုက်ဦးမယ်"

"မေရီလိုက်ခဲ့ပေးရမလား"

"ကိုယ်က ကလေးမှမဟုတ်တာ ယူရယ်"

ခက် အခန်းထဲကထွက်သွားတော့ မေရီ့ရဲ့မျက်နှာအမူအယာက သိသိသာသာပြောင်းသွားသည်။ ကိုထိုက်နဲ့ခက်က အဆက်အသွယ်မရှိတာကြာပြီဆိုတဲ့အကြောင်းက မေရီ့အတွက် မင်္ဂလာသတင်းပဲ။ အရင်က ခက်ရှိနေတဲ့အတွက် ကိုထိုက်အနားကပ်ရဖို့ မလွယ်ခဲ့ဘူးလေ။

တွယ်ငြိခြင်း THEORYWhere stories live. Discover now