Extra 1 ⭐

261 15 0
                                    

ခရီးကနေ ပြန်ရောက်လာပြီဖြစ်သလို baek လဲ နှလုံးခွဲစိတ်တုန်းက ကျောင်းနားခဲ့ရတဲ့နှစ်တွေကို အစားထိုးပြီး ကျောင်းပြန်တက်နေတယ်


Yeol က com မှာ အလုပ်တွေရှုပ်နေတာ နောက်ပိုင်းဆို com နှစ်ခုလုံးကို ဦးစီးရမှာဆိုတော့ အရင်ကထက်ပိုပြီး အလုပ်ကြိုးစားတာ



လူပုံအလယ်မှာ baek လေးလဲ မျက်နှာမငယ်ရအောင် ကိုယ်တို့ရဲ့ချစ်ခြင်းတွေက သာမန်မဟုတ်တော့ မင်းလေးက်ု သူများတွေအပြောမခံရလောက်အောင် ကိုယ်ကာကွယ်ပေးမှာ ကြိုးစားမှာ အားလုံးက baek ဆိုတဲ့ ကိုယ့်ရဲ့ ကလေးလေးအတွက်ပဲ





Yeol : အာ အလုပ်တွေလုပ်နေတာနဲ့ ကလေးကို ကျောင်းသွားကြိုရဦးမယ် နောက်ကျနေရင် နှုတ်ခမ်းထော်ပြီး စိတ်ကောက်နေမှ ဒုက္ခ









ကျောင်းရောက်တော့ ကားလေးကို ရပ်ပြီး ကိုယ့်ကို baek လေးရှာမရမှာဆိုးလို့ ကားကိုမှီပြီး ရပ်နေလိုက်တယ် ရုံးကနေတန်းလာတာကြောင့် suit အပြည့်နဲ့ဖြစ်ပေမဲ့ အဲ့ဒီ အလုပ်ပင်ပန်းတဲ့ပုံလေးကလဲ မိမိုက်နေတော့တာ



ကျောင်းထဲကထွက်လာတဲ့ ကောင်မလေးတွေကလဲ ဒီဘဲကြီးကို ငမ်းနေတော့တယ် ဓာတ်ပုံတွေခိုးရိုက်ကြပေါ့



Baek ကျောင်းဝန်းထဲကထွက်လာတော့ ကားကိုမှီ လက်ပိုက်ပြီးတော့ စောင့်နေတဲ့ ချစ်ရတဲ့ ကိုကို ကိုတွေ့လိုက်ရတယ် လာကြိုတော့ပျော်တာပေါ့ ဒါပေမဲ့ အပျော်တွေက ကြာကြာမခံဘူး



ဘေးနားမှာ ရွစိထိုးနေတဲ့ fa မတစ်သိုက်က အထာတွေစွတ်ပေးနေတာ baek baek စိတ်ဆိုးပါတယ်နော်



Baek လဲ yeol ဆီကိုပြေးသွားပြီးတော့ ခြေထောက်နှစ်ဖက်နဲ့ တက်ခွလိုက်တယ် yeol ကလဲ ကိုယ်ပေါ်ကို ပြေးပြီး လာဖက်တဲ့ ကလေးလေးကို အလိုက်တသိပဲ တင်ပါးနားလေးကနေ ပင့်ပြီးချီထားတယ်



ဘေးနားမှာ မြင်နေရတဲ့ အစစ်မ တစ်သိုက်က ပလင်းတွေအက်ကုန်တာပေါ့ မျက်စိရှေ့မြင်ရတဲ့ အရသာရှိတဲ့အသားလေးက မြေပြင်ပေါ်ကို ဘုတ်...ဆိုပြီး ပြုတ်ကျသွားတာလေ 😢😢



ဒါတင်မကသေးဘူး baek ကြည့်လိုက်တော့ တစ်ချို့ကောင်မလေးတွေက ညီအကိုထင်နေမှာစိုးလို့ ချီလျက်နဲ့ပဲ yeol ကိုလှမ်းနမ်းလိုက်တယ် yeol ကလဲ သူ့ကလေးဘာတွေဖြစ်နေမှန်းမသိပေမဲ့ ကိုယ့်ကိုလာနမ်းတော့ ပြန်နမ်းတာပေါ့



ကျွန်​​တော့်​ရဲ့လမ်းပြကြယ်​ (Completed)Where stories live. Discover now