Extra 3 ⭐ End 💌

327 20 4
                                    

Yeol နာရီကြည့်လိုက်တော့ ဒူဘိုင်းစံတော်ချိန် နေ့လည် ၁၂နာရီ နှိုးသင့်ပြီလေ တော်ကြာနေ စိတ်ကောက်နေဦးမယ်

Yeol'' ကလေး ထတော့ ''

Baek ရဲ့ခေါင်းလေးကို ပွတ်သပ်ပေးပြီး ပါးလေးကို ခပ်ဖွဖွလေးဆွဲကာ ထပ်နှိုးလိုက်တယ်

Yeol'' ကလေးလေးရေ ဗိုက်မဆာဘူးလား ထပါဦး ကိုကို့ကလေးလေးက ''

Baek ရဲ့ ကိုယ်လေးက လှုပ်လာပြီး yeol ရှိရာဘက်ကို တိုးသွားပြီး ခါးလေးကို ဖက်ကာ ရင်ခွင်ထဲတိုးပြီး လာချွဲနေတာ ရင်ခွင်ထဲငုံ့ကြည့်တော့ မနက်က ပေးထားတဲ့ အရာလေးတွေနဲ့ အင်္ကျီက မလဲထားပေးတော့ စောင်လေးသာ ခြုံပြီးကိုယ့်ဆီကို အတင်းတိုးဝှေ့နေတဲ့ အဆိုးလေး

Baek'' ကလေးက ပိကျိလေး ငိုက်နေသေးတာကို ''

ရော်.....ကလေးရယ် ကိုယ့်ရဲ့သမာဓိအားက အဲ့လောက်မကောင်းဘူးလေကွယ် စိတ်မထိန်းနိုင်ဘဲ မနက်ကလို ထပ်ဖြစ်နေမှာစိုးလို့ပါကွာ

Yeol'' လိမ္မာတယ်နော် ထတော့ ပြီးရင် ကိုကိုတို့ဈေးသွားကြမယ် ဈေးထဲမှာ ရွှေထုတ်တဲ့စက်တွေရှိတယ်တဲ့ ပြီးတော့ သဲနဲ့ဆွဲတဲ့ ပန်းချီတွေလဲရှိတယ် ကလေးစိတ်မဝင်စားဘူးလား ''

Baek'' ဟုတ် စိတ်ဝင်စားတယ် ကိုကို ထမင်းစားပြီးသွားကြရအောင် ''

Chanbeak နှစ်ယောက် တစ်ညနေလုံးဈေးထဲ ပတ်ပြီးတော့ လက်ဆောင်ပစ္စည်းများစွာနဲ့ ဒုတိယရက်လေး ကုန်ဆုံးသွားပြန်တယ် baek လေးက ရွှေထုတ်တဲ့စက်လေးကို သဘောကျတာကြောင့် ပိုက်ဆံကုန်ရင် ကုန်ပါစေ စိတ်တိုင်းကျ လုပ်စေတယ် ပိုက်ဆံတွေထည့်တော့ ရွှေလေးထွက်လာတာကို ပျော်နေတဲ့ပုံပဲ ကုန်ချင်သလောက်ကုန် ကလေးစိတ်ချမ်းသာဖို့အရေးကြီးတယ်

Baek'' ကိုကို ဒီကိုလာ စိတ်ဝင်စားဖို့ကောင်းတယ် ''

Baek'' ကိုကို ဒါလေးဝယ်ပေး ''

Baek'' ကိုကို ဒါလေး က​လေးလေးက စားချင်တယ် ဗိုက်ဗိုက်ကပြောနေတာ ''

Baek'' ကိုကို....ကိုကို....''

ကိုကိုပေါင်းများစွာနဲ့ ပျော်ရွှင်စရာနေ့လေးတစ်နေ့ကုန်ဆုံးသွားတယ်






ကျွန်​​တော့်​ရဲ့လမ်းပြကြယ်​ (Completed)Where stories live. Discover now