Chapter 9 Part 1

5.1K 1K 2
                                    

(Unicode)

တိတ်ဆိတ်မှုဟာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေတယ်။ ထိုအရာက ရွှယ်ကျဲနန်ရဲ့ ရှင်းပြချက်အပေါ် ရှလင်ရဲ့ တုံ့ပြန်ချက်ပင်ဖြစ်တယ်။

ရှလင်ရဲ့ ပင်ကိုစရိုက်ဟာ အမြဲတမ်း နူးညံ့ပြီးပျော့ပျောင်းပေမယ့် ယခုမှာတော့ သူဟာ ရွှယ်ကျဲနန်ကို အခွင့်အရေးမပေးခဲ့ဘူး။

ကမ္ဘာလောကကြီးတစ်ခုလုံးက ငါ့ရဲ့ Canvas ပဲ - "မင်းကိုမင်းကြည့်ဦး။ ဘုရင့်နှစ်သက်ခြင်းခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်လို ပြုမူနေတာ"

ရှလင် လင်ရှ မဟုတ်ဘူး - "ခွေးကောင်! သူ့ကိုမျှော်လင့်ချက်သွားပေးနေတာက ငါ့ကိုယ်ငါဖျက်ဆီးနေတာပဲလေ"

Nympho တွေအကုန်လုံး မိုက်မဲဥာဏ်မရှိတဲ့သူတွေချည်းပဲ - "ဟင်း နောက်ထပ်Alpha တစ်ယောက်တော့ တစ်ဖက်သတ်အချစ်ကနေ ခံစားနေရပြန်ပြီ။ စာရေးဆရာနဲ့ စာဖတ်သူလေးတွေတော့ မျက်ရည်ပင်လယ်ဝေနေပါပြီ"

ရှလင် လင်ရှ မဟုတ်ဘူး - "ဇာတ်လိုက်တွေကတော့ Alpha ရွှယ် နဲ့ Omega မိန်းမလှလေးပဲဖြစ်မှာပေါ့။ သမိုင်းမှာ တကယ်လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ထွက်ပေါ်လာမှာ အသေအချာပဲ။ ကျန်းထျန်ခက် ခွေးကောင် ခုထိထွက်လာပြီး ဖွင့်​ပြောမတောင်းပန်သေးဘူးလား?"

ရှလင် လင်ရှ မဟုတ်ဘူး - "အဲ့တာကတော့ ငါတို့ထက် မင်းကပိုသိမှာမဟုတ်ဘူးလား?"

"ဒါက Keji 3rd လမ်းမလား?"

Chat Room ကိုသာအာရုံစိုက်နေတဲ့ ရှလင်ဟာ ရွှယ်ကျဲနန်ရဲ့ မေးခွန်းကြောင့် လန့်သွားပြီး ခေါင်းမော့လိုက်တယ်။ ကားပြတင်းပေါက်ကိုကျော်ကြည့်လိုက်ပြီး သူဟာရင်းနှီးနေတဲ့လမ်းလေးကိုတွေ့လိုက်တယ်။ ရှလင် နေ့တိုင်း ထိုလမ်းရဲ့ရှေ့မှာ Bus စောင့်ရင်း ရုံးသွားလေ့ရှိတယ်။

"ရပ် ရပ် ရပ်!!" ရှလင် အော်လိုက်တယ်။ သူဟာ ကားတံခါးကိုထုရိုက်မိမတတ်ဖြစ်သွားတယ်။ ကံကောင်းစွာနဲ့ ရှလင်ဟာ သူ့ဘေးမှာရှိနေတဲ့ကားမောင်းနေတဲ့သူက သူ့ရဲ့ အထက်လူကြီးဆိုတာ သတိထားမိသွားတယ်။

"ခေါင်းဆောင်ရွှယ် ကျွန်တော် ဒီနေရာမှာဆင်းမယ်!!"

ရွှယ်ကျဲနန်ဟာ ကားကိုအရှိန်လျှော့လိုက်ပြီး လမ်းဘေးကိုကပ်လိုက်တယ်။ ထို့နောက်

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now