Part I Unicode

803 38 4
                                    

အချစ် ခန်းဆီးနောက်ကွယ်မှ ကကြိုးများ - Deluxe Edition (18+ Sexual Content Warning)

(ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ပန်ဆင်၍ စာဖတ်သူ LGBT ပရိတ်သတ်များကို ကျွန်တော် y မှ ဂါရဝပြုပါသည်။ ယခုဇာတ်လမ်းလေးသည် LGBT အနုပညာရပ်ဝန်းတွင် Y ကိုစတင်အသိအမှတ် ပြုပေးခြင်းခံရသည့် Variety လက်ရာလေးတစ်ခုဖြစ်ပါသည်။ ယခင်တင်ခဲ့ဖူးသည့် Version 1 သည် ဖျက်ချထားခဲ့ရသည့် စကားပြောများကြောင့် မပြည့်မစုံဖြစ်ခဲ့ရပါသည်။ ယခု Delexue Edition တွင် LGBT ကို မုန်းသောမိန်းကလေးတစ်ယောက်နှင့် Gay ကောင်လေး Y တို့၏ အချစ်နောက်ကွယ်မှ သောကများကြောင့် ဖြစ်ပေါ်လာသည့် အာဃာတများ သောကများကို Gay Y တစ်ယောက် လူသားတစ်ဦးအနေနဲ့ ဖြေရှင်းရွေးချယ် ရပ်တည်ရင်ဆိုင်ခဲ့ရသည်များ ပါဝင်ပါသည်)

-----------------------------------

“အချစ်… အချစ်သည် အစွမ်းထက်ဆုံးအရာတစ်ခု… လူတစ်ယောက်ကို ပျော်ရွှင်မှုပေးနိုင်တာ အချစ်… အချစ်သည် အချစ်ဆိုသည့် ဇာတ်ခုံပေါ်တွင်သာရှိပါက လူသားတွေ အသက်ရှင်နေချိန်အတွက် ကြည်လင်သည့် မိုးစက်ပွင့်လေးတစ်ပွင့်… အချစ်ဇာတ်ခုံ၏ Backstage ကို ကာထားသည့် ခန်းဆီးနောက်ကွယ်ကို ဝင်ရောက်လိုက်ပါက (သို့မဟုတ်) အချစ်ကို မိမိတို့၏ အတ္တပုံရိပ်၊ ပိုင်ဆိုင်မှုစည်းစိမ်၊ ပညာမာန်မာန၊ စံသတ်မှတ်ချက်တွေနဲ့ စီရင်ချက်ချလိုက်သောအခါ (သို့မဟုတ်) အချစ်ကို ယောကျာ်း၊ မိန်းမ တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေသတွေနဲ့ ပညတ်လိုက်သောအခါ… အချစ်သည် နာကျင်မှု၊ အထီးကျန်မှု၊ ဆုံးရှုံးမှု၊ သဝန်တိုမှု၊ ကြောက်ရွံမှု၊ ခါးသက်မှုတွေအဖြစ် မုန်တိုင်းတိုင်းထန်သွားသည်…”

Present
နေပြည်တော် မြန်မာ့မီးရထားရုံးချုပ်တွင် အစည်းအဝေးတက်ပြီး ရန်ကုန်သို့ ခေတ်သျှန်လင်း@Y ပြန်လာခဲ့သည်။ မြောက်ဒဂုံ Rose Park အိမ်ရာဝင်းရှေ့တွင် Mark II Blit အမည်းလေးရပ်တန့်လိုက်သည်… Security ဦးလေးကြီးက လက်ထဲတွင် အထုပ်အဝါရောင်ကို ကိုင်ကာ Blit နားကို လျှောက်လာ၍ Y မှန်ချလိုက်သည်…

"ငါ့တူလေးရေ… သားအတွက် MGL က ပါဆယ်ရောက်နေတယ်… ငါ့တူ မရှိတာ ဦးသိလို့ ဦးပဲ လက်မှတ်ထိုးယူထားလိုက်တယ်”…

အခ်စ္ခန္းဆီးေနာက္ကြယ္မွ ကႀကိဳးမ်ား (အချစ်ခန်းဆီးနောက်ကွယ်မှ ကကြိုးများ)Where stories live. Discover now