Part II Unicode

388 36 0
                                    

အချစ် ခန်းဆီးနောက်ကွယ်မှ ကကြိုးများ Delexue Edition Part II (18+ Sexual Content Warning)
(ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ပန်ဆင်၍ စာဖတ်သူ LGBT ပရိတ်သတ်များကို ကျနော် y မှ ဂါရဝပြုပါသည်)

Present
Y အတိတ်ရောင်စဉ်လေးနဲ့ ကခုန်နေစဉ် ဖုန်းဝင်လာသည်...

I knew I loved you ♡♡♡Before I met you♡♡♡I think I dreamed you into life♡♡♡ (Ringing)

တစ်ယောက်သောသူအတွက် Y ထားသော Personal Ringtone လေး

“Hello… ကိုဟိန်းပြောပါ”

"Y... ကိုယ် ပြန်ရောက်နေတယ်… y ဆီလာခဲ့မလို့… y အိမ်မှာရှိမှန်းကိုယ်သိပါတယ်" နွေးထွေးပြတ်သားသည့် ဟိန်း ၏ အသံ...

"ဟုတ်... Y စောင့်နေမယ်"

ဖုန်းချပြီးတော့ ဟိန်း ဆိုသည့် ရောင်စဉ်တန်းလေးအကြောင်းစဉ်းစားမိသည်။

ဟိန်းသည် y ထက် ခြောက်နှစ်ကြီးသည်။ မြန်မာပြည် ထိပ်တန်း Business group ၏ ဆက်ခံသူတစ်ဦးလည်းဖြစ်သည်။ လတ်တလောတွင် MD တစ်ဦးဖြစ်ပြီး Canada တွင် research လုပ်နေသည်။ Canada တွင် မွေးဖွားကြီးပြင်းခဲ့သူလည်းဖြစ်သည်။ y ကို 20** ခုနှစ်၏ မိုးရွာတဲ့နေ့တစ်နေ့မှာ အင်းယားလမ်းမှာတွေ့ကတည်းက ချစ်ခဲ့သည်။ (ကိုဟိန်းပြောတော့ ချစ်သည်ပေါ့)။ ထိုအချိန်ကတည်းက y ဘေးရှိနေသည်။ y ကို အချိန်ပေးသည်။ y က ပြည့်စုံ ကို လက်တွဲလိုက်သော်လည်း ဟိန်းသည် အချစ်မပျက်။ ခေတ် စကားအရ Friend with benefit လို ခေါင်းစဉ်တပ်ရလေမလား။

Y အတွေးစဖြတ်ကာ shower room ထဲ ဝင်လိုက်သည်။ မင်္ဂလာဆောင်သည် သဘက်ခါဖြစ်ပြီး ပွဲတွင် ရောင်စဉ်ဖြာစေရန် skincare သေချာလုပ်မည်ဟုတွေးကာ ရေချိုးလိုက်သည်။ ရေချိုးပြီး မျက်နှာလေးကို “Chantelle Toner”  လေးပါးပါးပုတ်ကာ ဟိန်း လက်ဆောင်ပေးထားသည့် Chanel Mademoiselle လေးကို နားနောက်ဘက် သွေးကြောလေးတွင် ဆွတ်လိုက်သည်… နားရွက်နောက်နားလေးမှာ ဟိန်းပေးသော ရေမွှေးကို ဆွတ်ရခြင်းမှာ ဟိန်းကို Y Head and Heart နဲ့ ဆင်ခြင်ပြီး သွေးကြောလေးတွေထိ လက်ခံခြင်းကို ရည်ရွယ်ပြီး ဆွတ်ခြင်းဖြစ်သည်… ပြီးတော့ ဟိန်း ကြိုက်သည့် Cocoa ဖျော်ရည်လေး ကြိုဖျော်ထားရန် Kitchen သို့ သီချင်းလေးဆိုသီကာ ခြေချလိုက်တော့သည်။

အခ်စ္ခန္းဆီးေနာက္ကြယ္မွ ကႀကိဳးမ်ား (အချစ်ခန်းဆီးနောက်ကွယ်မှ ကကြိုးများ)Donde viven las historias. Descúbrelo ahora