Part 3 Unicode

389 35 0
                                    

အချစ် ခန်းဆီးနောက်ကွယ်မှ ကကြိုးများ Delexue Edition Part III (18+ Sexual Content Warning)
(ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ပန်ဆင်၍ စာဖတ်သူ LGBT ပရိတ်သတ်များကို ကျနော် y မှ ဂါရဝပြုပါသည်)

ဟိန်းလက်မောင်းပေါ်တွင် နှစ်ခြိုက်စွာအိပ်သွားသော Y ကို ကြည့်ရင်း ဟိန်းတွေးကာ တစ်ယောက်တည်း စကားတွေပြောနေမိသည်…

“မင်းလေး ကို ကိုယ်ချစ်တယ်… အချစ်သပ်သပ်နဲ့ကိုချစ်တာ… ကိုယ် လိုချင်တာကို ဇွတ်ယူတတ်ပေမယ့် y ကိုတော့ ကိုယ်စောင့်တယ်… y ဆီက ကိုယ်လိုချင်တာ အချစ်ပါ… y ပါရမီဖြည့်စရာမလိုပါဘူး… y ပါရမီဖြည့်တော့လည်း ပိုကောင်းတာပေါ့… y ဘာတွေတွေးနေ ခံစားနေရလဲ ကိုယ်သိပါတယ်… Step by step ကိုယ် ကုစားပေးမယ် Y”

“ဖေဖေက ကိုယ်နဲ့ y ကို သဘောတူပါတယ်… Company ဆက်ခံသူကိစ္စကြောင့် Company ကို လက်လွတ်ရရင်လည်း အများပိုင်လုပ်ပေးလိုက်မယ် y… ကိုယ့်စည်းစိမ်က Company မရှိလည်း တစ်သက် စားမကုန်ပါဘူး Y… ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ Y ကို တင့်တင့်တယ်တယ်ထားနိုင်ပါတယ်… ကိုယ် ရွေးချယ်မှာ y ပါ.. ကိုယ် ချစ်မြဲ ချစ်နေမှာပါ”

နားပါးသော Y တစ်ယောက် ဟိန်းတိုးညင်းစွာပြောနေတာတွေကို ကြားပြီး မျက်ရည်ဝဲမိသည်။

Y ကျန်ရှိနေတဲ့သက်တမ်းကို ကိုယ်က အချစ်နောက်ကွယ်က ကကြိုးတွေနဲ့ လှပစွာ y ကို တင်ဆက်ပေးပါ့မယ်♡♥♡♥♡♥

မနက်ခင်း လေးက စောင့်ကြိုနေပြန်သည်…

y နိုးထလာပြီ... အော် မနက်ဖြန် ပွဲတက်ရမှာပေလား???

Y ဘေးမှာ ဟိန်း သည် အိပ်ပျော်နေသည်.. ညက Y အိပ်ပျော်နေသည်ဟုထင်ကာ ဟိန်းတစ်ကိုယ်တည်း ပြောနေသည့် စကားတွေကို y တွေးမိကာ ဟိန်း၏ အချစ်အတွက် အားနာမိသည်...

"ဟိတ်… ဘာတွေတွေးလဲသိတယ်နော်… ကိုယ် company ခဏသွားမယ်… ညနေ Yangon spa မှာ booking လုပ်ထားတယ်နော်… ကိုယ့် y လေး မနက်ဖြန် ပြည့်စုံ မင်္ဂလာဆောင်မှာ ရောင်စဉ်ဖြာနေအောင်"

"အွန်းထတော့… ရေသွားချိုးတော့… Y Breakfast လုပ်ပေးထားမယ်"

ဟိန်း company သွားတော့ y ရုပ်ရုင်ကြည့်ကာ ကျန်ခဲ့သည်… Twilight series ကြည့်ရင်း အချစ်နောက်က ပေးဆပ်မှု ကကြိုးကို မြင်လာပြန်သည်… ပြည့်စုံ ကို ချစ်၍ မိန်းမကောင်းတဦး၏ ပါရမီဖြည့်ဖက်အတိုင်း ဝေယျာဝစ္စတွေ လုပ်ပေးခဲ့သည်… မရေရာသည့် ကကြိုးတွေထဲတွင် y က အချစ်ကို ရေရေရာရာ နည်းမှန်လမ်းမှန် ချစ်တတ်ပြီလား???

အခ်စ္ခန္းဆီးေနာက္ကြယ္မွ ကႀကိဳးမ်ား (အချစ်ခန်းဆီးနောက်ကွယ်မှ ကကြိုးများ)Where stories live. Discover now