Jeon 27

6K 837 27
                                    

Unicode

" ဟုတ်တယ် ငါဂျွန့်အတွက် ထွက်သွားရမယ်။

ငါရှိနေရင် သူ့အတွက်ခက်ခဲမှာလေ။

ဟုတ်တယ် ငါထွက်သွားမယ်။

ခဏပဲလေ ၈နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားမှာ

ငါသူ့ကိုလွမ်းရင် သူ့သီချင်းတွေနားထောင်လို့ရတာပဲ
အင်း ဟုတ်တယ် ငါနေနိုင်မှာပါ အ !! "

အမှန်တော့ သူ့စိတ်တွေရူပ်ထွေးနေသည်။ စိတ်နဲ့ကိုယ်နဲ့ မကပ်တာကြောင့် သူ့ကိုယ်သူတောင် ဘာတွေလုပ်မိနေလဲ မသိ။ လက်က သွေးတွေကိုမြင်မှ သူလန့်သွားမိ။

" ငါဘာတွေလုပ်နေတာလဲ !! "

ပေါင်မုန့်ချပ်တစ်ခုဟာ သူ့ကြောင့် နုပ်နုပ်စင်းထားသလို ဖြစ်နေပြီ။

ဓားရှရာ သေးသေးဆိုပေမယ့် ကလေးတစ်ယောက်လို ထိုင်ငိုနေမိသည်။ ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက်ပေးမိတာ။

' အင့်..နာလိုက်တာ !! အီးး အင့်.. '

' ဟင် !! ထယ်ဟျောင်း ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ အစ်ကို့ကိုပြော ဘာဖြစ်လို့လဲ '

နမ်ဂျွန်း အိမ်ထဲဝင်လာတော့ မီးဖိုခန်းထဲမှာ ငုတ်တုတ်ထိုင်ကာဖြင့် ငိုနေတဲ့ ညီဖြစ်သူကိုမြင်တော့ ဝယ်လာတဲ့ မုန့်ထုပ်ကိုဘေးနားချကာ ထယ်ဟျောင်းဆီ ပြေးလာခဲ့ရ။

' နာတယ် အစ်ကို။ အရမ်းနာတယ် !! ဟင့် '

ဓားရှရာသေးသေးလေးကို ထိုင်ငိုနေတဲ့ ထယ်ဟျောင်းကိုကြည့်ကာ သူပြုံးလိုက်သည်။

' ထယ်ဟျောင်းရယ်။ လာအစ်ကိုဆေးထည့်ပေးမယ် '

ညီဖြစ်သူကို ထူကာဖြင့် မျက်လုံးက စားပွဲပေါ် အကြည့်ရောက်မိတော့ နုပ်နုပ်စင်းထားသည့် ပေါင်မုန့်တွေ။

သေချာဆေးထည့်ပေးပြီးတဲ့အထိ ထယ်ဟျောင်းဟာ အငိုမတိတ်သေး တစ်အစ်အစ်နဲ့ ငိုနေတုန်း။

' ဘာလို့ဒီလောက်ငိုနေတာလဲ.. '

' ဒီနေ့တစ်ရက်တော့ ကျနော့်ကိုလွှတ်ထားပေးပါ အရမ်းစိတ်ညစ်နေလို့ '

ထိုသို့ပြောကာဖြင့် ထကာ သူအခန်းထဲဝင်သွားတဲ့ ထယ်ဟျောင်း ..။

My Jeon {Completed}Where stories live. Discover now