Chapter-1(သူငယ်ချင်းနှင့် ချစ်သူ၏ သစ္စာဖောက်ခံရခြင်း)

2.2K 366 7
                                    

{Unicode}

သူငယ်ချင်းနှင့်ချစ်သူတို့၏ သစ္စာဖောက်ခံရခြင်း

အရှေ့ဘက်မှ နေဝင်ဆည်းဆာချိန်တွင် အဆောက်အဉီးအမြင့်ပေါ်မှ အလင်းရောင်တောက်ပလာသည့် နေရောင်၏ ဝင်းလက်မှုသည် တမြို့လုံးအား လိမ္မော်ရောင်ပင်လယ်အဖြစ် လွှမ်းခြုံသွားသည်။

ဟန်ဟောက်ယွမ် က နူးညံ့ပြီး သိမ်မွေ့သောအပြုံးတစ်ခုဖြင့် ခမ်းနားသော အဆောက်အဉီးဆီသို့ လျှောက်လှမ်းလာသည်။

စားပွဲထိုးများ၏ စကားသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူမက, " မစ္စတာဟန်.. မစ္စတာဟန်နဲ့ မစ္စတာ ဝူတို့က တစ်ယောက်နဲ့တစ်ယောက္အရမ်းကြင်နာကြတာပဲ..သူတို့ မကြာခင်မှာတောင္ လက်ထပ်ကြတော့မှာ.. ပျော်နေကြမှာပဲ"

ဒါအမှန်ပါပဲ.. လက်ထပ်ပွဲသည် နောက်လတွင် ကျင်းပမည်ဖြစ်သည္။

အဖေရော အမေရော အဖိုးရော တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားသည့်အချိန်မှစ၍ ကျွင်းဟွေ့က သူ့အတွက် မြတ်နိုးရာဖြစ်လာခဲ့သည်။သူ့အား မြေတောင်မြှောက်ပေးပြီး သူ့ရဲ့ ချစ်မြတ်နိုးမှုအား  ခံစားပေးရန် အမြဲ ပြောခဲ့သည်။ ထို့အပြင္သူသည် အခြား ကုမ္ပဏီအကြီးနှင့် အငယ်များဖြင့် လုပ်ငန်းကိစ္စ ဆက်ဆံမှု ရိှသည်။

ချစ်ရသူနှင့်သာဆိုလျှင် သူ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်နိုင္သည္။

အရှေ့မျက်နှာစာမှ စားပွဲထိုးများကို နှုတ်ဆက်ပြီးနောက် အကြီးအကဲများအတွက်သာသီးသန့်ထားရိှသော ဓာတ်လှေကားထဲသို့ ဝင်ကာ သူ့ရဲ့ သွယ်လျပြီးရှည်လျားသော လက်ချောင်းတို့ဖြင့် အထပ်နံပါတ် ၂၂ ကို နှိပ်လိုက္သည္။

သူ့ကိုသာ ရုတ်တရက် တွေ့လိုက်ရရင် ကျွင်းဟွေ့ အပေ်ျာ်လွန်သွားလိမ့်မယ်ဟု မျှော်လင့်နေမိသည်။

မကြာခင်တွင် ဓာတ်လှေကားမှ အသံနှင့်အတူ သူ ဉီးတည်ရာ အထပ်သို့ ရောက်သွားသည်။ ဓာတ်လှေကားထဲမှ ထွက်ကာ တစ်ဖက်သို့ လှည့်၍ အထွေထွေမန်နေဂျာ ရုံးခန်သို့ ဉီးတည်သွားလိုက္သည်။

ရုံးခန်းဆီသို့ မရောက်ခင်မှာတင် ရင်းနှီးသော အသံတစ်ခုအားကြားရသည်။

Rebirth;Han Strikes Back(ဟန် ပြန်လည်သိမ်းပိုက်ခြင်း)Where stories live. Discover now