Chapter-5(ပြတ်ဆဲခြင်း)

1.4K 331 5
                                    

{Unicode}

ပြတ်ဆဲခြင်း

နောက်တစ်နေ့တွင် ဟန်ဟောင်ယွမ်မိဘတွေနဲ့ ဉီးလေးကျောက်တို့ရဲ့အလောင်းကို မီးသဂြိုလ်ကာ ယွီဝတ်ပြုဉယျာဉ်၌ မြှုပ်နှံလိုက်သည္။

ဂါဝရပြုရန်လာကြသော လူများစွာရိှကြပြီး ဝူကျန်းဝေ့လည်း ရောက်လာခဲ့သည်။

"ဉီးလေးဝူ"

"သား.. ဝမ်းနည်းမနေပါနဲ့တော့.. သေသွားတဲ့လူက ပြန်မရှင္လာနိုင်ဘူး  ကျန်ရစ်ခဲ့တဲ့လူတွေကပဲ သန်မာအောင် နေခဲ့ရမှာ"

ဟန်ဟောင်ယွမ် ပခုံး လေးလံလာသည်ကို ခံစားမိသည်။ ဝူကျန်းဝေ့ရဲ့ လက်က သူ့ပခုံးပေါ်တွင် တင်ထားသည်။

"ကျွန်တော် နားလည်ပါတယ်.. ဉီးလေးရဲ့ အားပေးနှစ်သိမ့်မှုအတွက်ကျေးဇူးတင်ပါတယ်"

"အင်း....ဘယ်သူကမှလည်း ဒီလိုမျိုး ဖြစ်လာချင်မှာမှမဟုတ်တာ! သားမှာ အခက်အခဲတစ်ခုခုရိှရင် ဉီးလေးကိုပြော.. ဒီက ဉီးလေးက သူတတ်နိုင်သလောက်ကို အကောင်းဆုံးလုပ်ပေးမယ်"

"ဟုတ်ကဲ့"

ဟန်ဟောင်ယွမ် ဝူကျန်းဝေ့နဲ စကားဆက်မပြောချင်တော့ပေ။ထို့ကြောင့် နေရာမှ လှည့်ထွက်လာခဲ့ပြီး အုတ်ဂူပေါ်မှ နူးညံ့သိမ်မွေ့သောအလှနှင့်ပြည့်စုံသည့် အမေနဲ့ ဂုဏ်သိက္ခာတို့နှင့် တည်ကြည်ခန့်ညားသော အဖေ တို့၏ ဓာတ်ပုံတို့ကိုသာ ကြည့်နေမိသည်။

မိဘတွေရဲ့ ကားaccident ကြားတွင် မရိုးရင်းသောအရာတစ်ခုခုရိှနေလိမ့်မည္ဟု ဟန်ဟောင်ယွမ် စိတ်ထဲတွင် အမြဲခံစားနေရသည်။ သူ့ရဲ့အရင်ဘဝတွင် မိဘတွေဆုံးပြီး မကြာခင်မှာတင် အဘိုးလည်း ဆေးရုံပေါ်တွင် ဆုံးပါးသွားခဲ့သည်။ သူကိုယ်တိုင်လည်း ထိုအချိန်က မိဘတွေနဲ့ပက်သက်ပြီး အလုပ်ရှုပ်နေခဲ့တာကြောင့် အဘိုးအား ဂရုမစိုက်နိုင်ခဲ့ပေ။ နောက်မှသာ အဘိုး နှလုံးဖောက်၍ ဆုံးပါးသွားကြောင်းကို သိခဲ့ရသည်။

အနဲငယ်တော့ တိုက်ဆိုင်လွန်းသည်။ ဝူကျန်းဝေ့ ထိုကိစ္စအား သိလား မသိလားဆိုတာကို ဟန်ဟောင်ယွမ် မသိပေ။ ဒါ့ကြောင့် ထိုလူနဲ့တော့ အတိုက်အခံလုပ်ရလိမ့်မည်။

Rebirth;Han Strikes Back(ဟန် ပြန်လည်သိမ်းပိုက်ခြင်း)Where stories live. Discover now