( 36 )

2.6K 219 51
                                    

[Unicode]

"ငါ အဆင်ပြေတယ်"

ကားထဲမှ ထွက်တော့မည့် ဂုဏ်ရောင့်အရွေ့က စစ်ဗျူဟာ့အသံကြောင့် တုံ့ခနဲ ရပ်သွားသည်။ သို့ရာတွင် စိုးရိမ်မကင်းသော မျက်ဝန်းဖြင့်တော့ ကြည့်လာ၏။

"တကယ် ပြေရဲ့လား"

"အင်း"

နဂိုကတည်းက ပိန်သော စစ်ဗျူဟာ့ ပုံသဏ္ဌာန်က ပွရောင်းရောင်း အင်္ကျီကြောင့် ပိုပိန်နေသယောင် ဖြစ်သွားသလို အိမ်ရှိရာ လမ်းလျှောက်သွားနေသည်ကလည်း လေလာရာနောက် ပါတော့မလို ခပ်ယဲ့ယဲ့။

"ပြန်ရောက်ပြီ အန်တီ"

ထို့အတူ ဖိနပ်ချွတ်ရင်း လှမ်းပြောလိုက်သောအခါ အသံက တိုးလျလျ။ အနောက်မှ ဘီးလည်သံကြောင့် ဂုဏ်ရောင်လည်း ပြန်သွားပြီ ဖြစ်မည်။ နွမ်းဖတ်ဖတ် စိတ်ဖြင့် လှေကားပေါ်သို့သာ နင်းတက်လိုက်၏။

"ဪ စစ် ပြန်လာပြီလား။ အဲ့ဒါကြောင့် အသံ ကြားလိုက်ပါတယ်လို့။"

အန်တီက ယောက်မကို လက်က ကိုင်လျက်ဖြင့် ထွက်လာကာ မေးလေသည်။ ထို့ကြောင့် ခြေလှမ်းများအား ပြန်ရုတ်ကာ လှည့်ကြည့်လိုက်၏။

"အန်တီ့မှာ မိသားစု ရှိလား"

"ဟင်"

ရုတ်တရက်ဆန်သလို ကြောင်တောင်တောင်နိုင်သော မေးခွန်းကြောင့် အန်တီက အံ့ဩစွာ မျက်လုံးပြူးကြည့်သည်။ အပေါ် မတက်တော့ဘဲ ထမင်းစားပွဲရှိရာ လျှောက်သွားလိုက်လျှင် သူ့ဘေးနားမှ ယှဉ်လိုက်လာ၏။

"အန်တီ့မှာ အမျိုးသား ရှိပါတယ်။ ပြီးတော့ သမီးနှစ်ယောက်လည်း ရှိတယ်။ ဒါပေမဲ့ အိမ်ထောင်ကျကုန်ကြတော့ တစ်နေရာစီမှာပေါ့။"

"ဒါဆို အန်တီ ဒီလာနေတော့ အန်တီ့အမျိုးသားက အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရမှာပေါ့"

အန်တီက ရယ်လေသည်။ ပြီးမှ သဘောတကျနှင့် စကားဆက်၏။

"တစ်ယောက်တည်း ကျန်ခဲ့တော့ရော သူက ယောက်ျားသားပဲကွယ်။ ဘာကြောက်စရာ ရှိလဲ။ ညနေကျ အန်တီ ပြန်လာမှာပဲ။ ပြီးတော့ သူ့ဟာသူ သစ်သားလေး ရိုက်၊ အိမ်ကို ပြင်ရင်းဆင်ရင်းနဲ့ပဲ အချိန်ကုန်နေတာ ဆို‌တော့ ပျင်းမယ်လည်း မထင်ပါဘူး။"

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now