Today special 😎(8.11.2020,Sunday)
"ပိကျိ ပိကျိ ပိကျိ ....."
ဖုန်းမှ Mg💚ဆိုတဲ့ nameလေးကြောင့် သူရိန့်မျက်နှာပြုံးချိုသွားသည်။ငရစ်လေး ဘာတွေရစ်အုံးမလဲမသိဘူး။
"ဟဲလို မောင်ပြော"
" My sweetheart"
"အင်းပြော အသဲလေး"
"မဲပေးပြီးပြီလား"
"ပြီးပြီပေါ့ မနက်က လမ်းလျှောက်ထွက်ရင်းပေးလိုက်တာ"
"ဟုတ်လား "
"မောင်ရော ပေးပြီးပြီလား။ အခုရော ဘာလုပ်နေလဲ"
"ပေးပြီးပြီ။ အခုမှရေချိုးပြီး babi mildလိမ်းနေတာ"
Babi mildလိမ်းတာကို ဂုဏ်ယူဝင့်ကြွားစွာပြောနေသော ငရစ်လေးပါပဲ🤣။
"ထမင်းရော စားပြီပြီလား "
"ဟင့်အင်း မင်းငါ့ဆီလာခဲ့ ငါမေးစရာရှိလို့။"
"ဟုတ်ပြီ ခဏနေလာခဲ့မယ်"
"ဘာ ခဏနေဟုတ်လား။ "
ဆောင့်အောင့်ထွက်လာသော အသံကြောင့် သူရိန်မျက်လုံးပြူးပြီး
"အာ မဟုတ်ဘူး အခုထွက်လာပြီ ခဏစောင့်"
"ဒီလိုမှပေါ့ ဆယ့်ငါးမိနစ်စောင့်မယ်နော်။ sweetheartလေး"
"အင်း လာပြီ "
ဖုန်းချပြီးပြီးချင်း အပေါ်ဝတ်ကောက်ဝတ်ကာ ခေါင်းတောင်မဖြီးနိုင်ပဲ ဆိုင်ကယ်ရှိရာပြေးရသည်။ဆိုင်ကယ်ပေါ်အမြန်တက်ကာ သူ့အိမ်ဆီသွားရသည်။
ခင်ဗျားတို့ထင်လား။မြို့ထဲနဲ့ ဂေါက်ကွင်းနား ၁၅မိနစ်နဲ့ရောက်မယ်လို့။မထင်ဘူးမလား။ခင်ဗျားတို့မထင်လဲ ကျွန်တော်ကတော့ ရောက်တယ်ဗျ။မရောက်ရင် သူရစ်တော့မှာလေ။
ဆိုင်ကယ်ကို လေလိုမောင်းပြီး သူ့အိမ်ရောက်မှ ဆိုင်ကယ်ဦးထုပ်မပါမှန်းသတိရသည်။အဖမ်းခံရရင်လဲ ဗဟုသုတအသစ်ရတာပေါ့ဗျာ။အချစ်အတွက်စွန့်စားသင့်တယ်မလား။🤣
သူ့အိမ်ရှေ့ရောက်တော့ ဟွန်းတီခေါ်လိုက်သည်။အဲ့အခါမှ JJဘောင်းဘီပွပွတိုတိုကြီးနဲ့ နောက်တစ်ယောက်ဝင်လို့ရတဲ့အပြာရောင်အင်္ကျီကြီးနဲ့ ခုန်စွခုန်စွလျှောက်လာလေရဲ့။သူ့ကိုကြည့်ပြီးမှ ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ ဘာထူးလဲ ဘောလုံးအင်္ကျီအပြာရောင်ပေါ်မှာ လက်ရှည်အကွက်နဲ့ အိမ်နေရင်းဝတ်နေကျ ဒူးကျဘောင်းဘီကြီးနဲ့ ။
![](https://img.wattpad.com/cover/244856839-288-k490810.jpg)
YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚