လေဆိပ်ထဲ ပျာပန်းခတ်လှုပ်ရှားနေတဲ့လူအများကြီးကြား ရပ်နေတဲ့ဖြူဖြူချောချောကောင်လေးတစ်ယောက်ရဲ့ခြေထောက်ကိုလက်ရောခြေရောနဲ့ဖက်ပြီးငိုနေတဲ့ ခပ်ဝင်းဝင်းကောင်လေး၊ဘေးမှာတော့ ခြေထောက်ဖက်ငိုနေတဲ့ကောင်လေးကို စိတ်ပျက်လက်ပျက်ကြည့်နေတဲ့ ဖြူဖြူလုံးလုံးကောင်လေး။
နှပ်ချေးတရှုံ့ရှုံ့နဲ့ မျက်နှာတစ်ခုလုံးရဲစုတ်နေအောင် ငိုနေတဲ့ ကျွန်တော့်ကို သူကမချော့ဘဲ ရပ်ပဲကြည့်နေတယ်။
"အီးးး ဟီးးး ဟီးးး သူရိန်ရေ မင်းမသွားနဲ့လို့ အင့်"
"ဟျောင့် သားကြီး မင်းမရစ်နဲ့တော့ကွာ။ညီညီလေယာဉ်ချိန်နီးနေပြီ။သုံးရက်နေရင်ပြန်လာမှာပဲကိုကွာ။"
"သောက်အက်ဖအေကောင် ငါရစ်နေတာမဟုတ်ဘူးကွ။ငိုနေတာ ငိုနေတာ။လူကြားထဲငိုနေရတဲ့မင်းသူငယ်ချင်း ငါ့ကိုမသနားဘူးလားဟင်။အော် အင်းပါ မင်းကမင်းညီဘက်ကပဲပါမှာပေါ့။"
"ကိုကို နေပါစေ။ငိုပါစေ။ထားလိုက်ပါ။သူငိုချင်သလောက် ငိုပါစေ။"
ငို ဆိုတဲ့တော့ ငိုပေးရမှာပေါ့။သူ့ခြေထောက်ကို အားနဲ့ဖက်ပြီး သူ့မျက်နှာကိုမော့ကြည့်ပြီး အားရပါးရငိုပစ်လိုက်တယ်။ငိုတာ နည်းနည်းကြာနေပြီမို့ မျက်ရည်ကမထွက်တော့ဘူး။
သူရိန် ခြေတစ်ဖက်ကို ကြမ်းပြင်ပေါ်ဒူးထောက်ပြီး ထိုင်ချကာ မောင့်မျက်နှာနုနုက မျက်ရည်တွေကိုတယုတယလေးသုတ်ပေးလိုက်သည်။
"မောင် ငိုလို့ဝရင် ဆက်မငိုနဲ့တော့နော်။မျက်လုံးတွေကိုက်ကုန်မယ်။ကျွန်တော် သုံးရက်ပဲသွားမှာပါ နော်။"
မောင်ကခေါင်းကို အားရပါးရယမ်းရင်း
"မသွားနဲ့။သုံးရက်ကလဲ နာရီနဲ့တွက်ရင် 72နာရီ၊ မိနစ်နဲ့တွက်ရင် 4320မိနစ်၊စက္ကန့်နဲ့တွက်ရင် 2သိန်းကျော်ကြာတယ်။အဲ့လောက်သိန်းကျော်ကြီးခွဲရရင် ငါလွမ်းပြီးသေရလိမ့်မယ်။"
"ပိုကိုပိုတယ်။"
ကြားထဲကဝင်ပြောတဲ့ ထွဋ်ကို လက်သီးပြရင်းသူ့ဒူးခေါင်းပေါ် ခေါင်းတင်ကာမျက်လုံးမှိတ်နေလိုက်သည်။
YOU ARE READING
My Sweetness Joy [Complete]
Romanceအချစ်=အဆုံးမရှိသောခံစားချက်များ ထွဋ်သူရိန်လင်းညီ ဇာနည်ခန့်မောင် Unicode & Zawgyi (ဤficသည် စိတ်ကူးသက်သက်သာဖြစ်သည်။အမှားအယွင်းများပါပါက ကျွန်တော့်အမှားသာ)💚