💜1💜

18.6K 1.4K 72
                                    

#Zawgyi

"ရား Taehyung!!"

နေ့လည်ချိန်ရောက်လို့ထမင်းစားနေသော
အချိန်ပိုင်းကောင်လေးကိုဆိုင်ရှင်ခေါ်လို့
စားလက်စကိုရပ်၍သွားရလေသည်
နောက်တွင်စားလက်စထမင်းပန်းကန်ကတော့
အဖော်မဲ့စွာကျန်ခဲ့ပြန်သည်

*ထမင်းစားချိန်ဆိုအမြဲခေါ်ပြီ*
Taehyung၏စိတ်ထဲမှပြောလိုက်ခြင်းပင်
"ရော့ အမှာစာ သွားပို့"
ဆိုင်ရှင်မှာကြက်ကြော်ဘူးနှင့်
လိပ်စာရေးထားသောစာရွက်ကို
ကမ်းပေးရင်းပြောသည်

"Nae"
Taehyungလည်းဆိုင်ရှင်လက်ထဲမှ
ကြက်ကြော်ဘူးနှင့်စာရွက်ကိုယူ၍
ဆိုင်ပြင်ထွက်ခဲ့လေသည်

" Ah! ငါဆိုင်ကယ်သော့မေ့ခဲ့ပြီ
ဟူး...ဆူခံရအုံးမှာပဲ"

Taeလည်းစာရွက်ကိုဘောင်းဘီ
အိပ်ကပ်ထဲထိုးထည့်ပြီး
ဆိုင်ကယ်နောက်ဖျားကပုံးထဲသို့
ကြက်ကြော်ဘူးထည့်၍ဆိုင်ထဲပြန်ဝင်လာသည်

ကောင်တာပေါ်တင်ထားသော
ဆိုင်ကယ်သော့ယူစဉ် ကြားရပါပြီဆိုင်ရှင်ဆူသံ

"ရား! မေ့ပြန်ပြီလား ဒီကောင်
အမှာကြာလို့ပြောခံရရင်...
မင်းအလုပ်ပြုတ်ပြီမှတ်..."

ဆိုင်ရှင်စကားလျစ်လျူရှုပြီး
ဆိုင်ကယ်သော့ဆွဲကာထွက်လာလိုက်သည်

ဆိုင်ပြင်အရောက်ဆိုင်ကယ်ပေါ်တက်
သော့ထိုးပြီးဆိုင်ကယ်ဦးထုပ်ဆောင်းရင်း
*ဒီအဖိုးကြီး ရား! ရား!ပဲအော်နေ
ရားရင်ကိုယ်ဖင်ကိုယ်ကုပ်နေပါလား*
Tae စိတ်ထဲမှဆိုမိသည်

စာရွက်ထဲမှလိပ်စာအတိုင်းမောင်းလာတာ
မရေတွက်နိုင်လောက်အောင်များသော
အထပ်ပေါင်းများစွာရှိအဆောက်အဦးရှေ့တွင်
ဆိုင်ကယ်ရပ်၍ မော့ကြည့်ပြီးဖတ်လိုက်သည်
"Jeon Company......
ဟုတ်တယ် ဒီcompanyပဲ..."

ဆိုင်ကယ်ပေါ်မှဆင်း ဦးထုပ်ကိုဆိုင်ကယ်မှာချိတ်၍ပုံးထဲက
ကြက်ကြော်ဘူးကိုထုတ်ယူပြီး
Company ထဲဝင်လာလိုက်သည်
မှာထားတာက7ထပ်က အဖွဲ့ခွဲ No.B

"7ထပ်ကိုကြက်ကြော်လာပို့တာပါ"
လုံခြုံရေးထံပြောတော့

"ကျွန်တော်တို့အစောင့်တစ်ယောက်
လိုက်ပို့မယ်"

𝑅𝑒𝑡𝑢𝑟𝑛 1995 ✔︎𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑✔︎Where stories live. Discover now