💜11💜

9.9K 1K 27
                                    

#Zawgyi

တစ်နေ့တစ်နေ့အလုပ်လုပ်ပြီးရင် ပျင်းလာသည်
အရင်တုန်းက အချိန်ပိုင်းအလုပ်နဲ့ပဲအချိန်ကုန်ဆုံးတယ်
အဆောင်နေသူငယ်ချင်း၃ယောက်ရှိတော့လည်းမပျင်းရ

သူတို့ဆီဖုန်းဆက်ချင်ပေမယ့်သူတို့လည်းအလုပ်ကိုယ်ဆီနဲ့ ငါနှောက်ယှက်သလိုဖြစ်သွားမလား?
သူ့တို့ဆီသွားလည်ချင်ပေမယ့်လည်း သခင်လေးက
အပြင်မသွားရဘူးလို့တားမြစ်ထားတယ်

ပျင်းပေမယ့် TVကြည့်မယ်ဆိုတော့လည်း
အရင်ကTVလည်းမကြည့်ဖြစ်တော့အကျင့်မရှိ
Phoneလည်းသိပ်မသုံးဖြစ်ဘူး
သခင်လေးကန့်သတ်ထားတော့ စာဖိုမှူး Kimနဲ့လည်းစကားမပြောရ
ဒီနေ့တော့ငါ့အိမ်အလုပ်တွေအကုန်စောပြီးတယ် သခင်လေးလည်းပြန်မလာသေးဘူး
*ဒီနေ့တော့သခင်လေးစကားနားမထောင်ပါရစေနဲ့*

Taeလည်းJkပြန်မလာသေးခင်စကားပြောချင်၍အောက်ထပ်ဆင်းလာလိုက်သည်
*စာဖိုမှူး Kimကြည့်ရတာညနေစာချက်နေရလို့
မအားဘူးထင်တယ်*
Taeလည်းခြံထဲပတ်ကြည့်မယ်ဆိုပြီးခြံထဲဆင်းလာခဲ့တယ်
Jkမိဘအိမ်လောက်ခြံမကျယ်ပေမယ့်
အတော်အတင့်တော့ကျယ်ဝန်းသည်
ခြံအနှံ့လည်းအစောင့်ချထားတာ
၈ယောက်လောက်တော့ရှိမယ်

Taeလည်းအပျင်းပြေခြံထဲပတ်လျှောက်ကြည့်နေသည်

"အား!!..."

"သခင်လေးရလားခင်ဗျာ...ကျွန်တော့်လက်ကိုဆွဲလိုက်..ထူပေးမယ်.."
Taeချောလဲ၍အနီးနားကအစောင့်ကအမြန်ရောက်လာပြီးဆွဲထူပေးလေသည်

"ဟီး..ရတယ်.."
ရှက်သဖြင့်သွားဖြီးပြကာပြုံးနေသော Tae

ထိုအချိန်တွင်ကားသံကြားရသည်
Taeအတွက်နှစ်ယောက်မရှိနိုင်သောအိမ်အလုပ်များစွာခိုင်းသည့်Jkရောက်လာသည်

"Kim Taehyung!!အခန်းထဲလိုက်ခဲ့..."
*သခင်လေးငါ့နာမည်ခေါ်လိုက်တယ်..*
အိမ်စရောက်ထဲကသူ့နာမည်ပင်မခေါ်ဘူး Taeလန့်ပေမယ့် အမည်မသိသောလှိုင်းတစ်ခုတော့ရင်ထဲဖြတ်ပြေးသွားသည်

"သခင်လေး...ကျွန်တော်ချော်လဲလို့...အဲ့ဒါ
.."
Taeမှာသူ့ဆူခံရမည်စိုး၍အပူတပြင်းရှင်းပြသံကိုJkမကြားနိုင် အိမ်ထဲသာဝင်သွားသည်

𝑅𝑒𝑡𝑢𝑟𝑛 1995 ✔︎𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑✔︎Where stories live. Discover now