Ep7

2.3K 219 2
                                    

သွေးစာအုပ်ဖိုးတွေ ရှင်းပြီးအမြန်ပြန်ထွက်လာတော့
မ က ကားပေါ်ထိုင်နေပြီး နှုတ်ခမ်းကလေးစူပုပ်နေ
သည်

[ဟျောင့် မမက ချစ်တယ်ထင်တယ်ကွ
ငါနဲ့တုန်းက သူ့မောင်လေးလိုဆက်ဆံတာ
မင်းနဲ့က မတူဘူးကွ မင်းကိုအူတိုနေတယ်နော်]

"သူငါ့ကိုချစ်ပါတယ် Tomboy ဘာဖြစ်တယ်
ညာဖြစ်တယ်နဲ့ မချစ်ဘူးသာပြောနေတာ သူ့လုပ်ရပ်
သူ့မျက်ဝန်းတွေကိုကြည့်ရတာ ငါ့ကိုမချစ်တောင်
မမုန်းပါဘူးကွာ"

သွေးကားပေါ်တက်ပြီး

"ဘာစားချင်သေးလဲ ကျွန်တော်ဘာဝယ်ကျွေးရမလဲ
တော်ကြာခေါ်လာပြီး မုန့်မကျွေးဘူးပြောနေမှ"

"မစားချင်ပါဘူး စားချင်ရင်သာဆိုင်တစ်ဆိုင်ဝင်လိုက်"

[သွေးငါဆိုင်ကောင်းကောင်းလမ်းပြမယ် မင်းငါပြော
တဲ့အတိုင်းမောင်းလိုက်]

ရွှေရုပ်ခါးပတ် မပတ်ထားပြန်တာမို့သွေးကြည့်လိုက်
ပြီး ပတ်ပေးဖို့အလှည့် ရွှေရုပ်ကသွေးလုပ်ပေးမှာသိ
တော့ ချက်ချင်းကိုယ်တိုင်ခါးပတ်ပတ်လိုက်သည်

သွေးပြုံးရင်း ကားစက်နှိုးကာ လပြည့်လမ်းပြသည့်
အတိုင်း မောင်းလာခဲ့သည်
ဒီလိုနဲ့ပဲ ဆိုင်ကိုရောက်လာသည် ဆိုင်အပြင်အဆင်
က အရမ်းလှသည် အတွဲများအတွက်သီးသန့်ဆိုင်
လိုပင်

"ဒီဆိုင်မှာစားပြီးမှပြန်မယ်နော်"

"အင်း"

သွေး မကိုခေါ်ပြီး ဆိုင်ပြင်မှ စားပွဲတစ်လုံးမှာထိုင်
လိုက်သည် စာပွဲထိုးလေးမှ

"အစ်ကိုတို့ဘာစားမလဲ"

"ဘာတွေရလဲ menu လေးပြဦး"

သွေး menu ကြည့်လိုက်ပြီး

"ကို့ကို ဖျားနေတာပွင့်ထွက်သွားအောင်
ပင်လယ်စာခေါက်ဆွဲကိုချဉ်စပ်တစ်ပွဲနဲ့ blueberry Soda တစ်ခွက်"

သွေး မဘက်ကြည့်ပြီး

" မရောဘာစားမလဲ "

"Soda ကအရက်လား ကားမောင်းဦးမှာမှတ်လား"

"အရက်မဟုတ်ပါဘူး မရယ်"

"အဲ့တာဆိုပြီးရော မကိုလဲပင်လယ်စာခေါက်ဆွဲပဲ"

ဆန်းကြယ်သောအချစ်Where stories live. Discover now