EP16

2.5K 193 2
                                    

"မေမေ ကိုကိုနိုးလာမှာပါနော်"

"နိုးမှာပါကလေးရယ်
အခုမေမေတို့အနီးကပ်စောင့်ကြည့်နေတာပဲ"

သွေးရွှေရုပ်ဘက်လှည့်ကာ
"မ အဖွားကို သွေးတို့ခေါ်သင့်ပြီ
ဒီကို ခေါ်လိုက်ကြရအောင် အဖွားကိုအားလုံးရှင်းပြ
မှဖြစ်မယ်လေ"

"အင်း မမ ခေါ်လိုက်မယ်နော်
သွေးက လပြည့်အနားမှာပဲနေနော်
ထမင်းလေးတော့ပုံမှန်စားနော်
မမ အဖွားကိုခေါ်လာခဲ့မယ်"

အဖွားရောက်လာတော့ အဖွားကိုအားလုံးရှင်းပြ
ခဲ့ကြသည် အဖွားသာအားလုံးကိုနားလည်သွားပေမဲ့
လပြည့်ကတော့ နိုးထမလာသေးပေ။

"မြေးလေးရယ် မြေးရဲ့အမွှာလေးတဲ့
  ဖွားတောင်မသိခဲ့ရဘူး မြန်မြန်ထကြည့်ပါတော့လား"

"ကိုကိုမကြာခင် ထလာမှာပါ ဖွားရယ်"

"ဖွားမြေးသွေးလေးကိုလဲ ဖွားသနားတယ်
   တော်သေးတာပေါ့ သမီးမာလာလေးက
  ပြုစုစောင်ရှောက်ခဲ့လို့ "

ဖွားက မေမေ့လက်ကလေးကိုင်ရင်း
"ဖွားမြေးလေးအတွက် ကျေးဇူးတင်တယ်နော်"

"ရပါတယ် ဖွားရယ် "

×××

"မေဦး"

"ဘာလို့လဲ ကိုသွေး
ကိုသွေး ပင်ပန်းရင်နားဦးလေ
မေဦးစောင့်နေပါ့မယ်"

"အကို ....
အကို ခရီးသွားလိုက်ဦးမယ်"

"ဘယ်ကိုလဲ ဘာလို့သွားမှာလဲ
ကို့ကြောင့်လား အခုကို့ကိုပဲစောင့်ကြရအောင်လေ
ကိုပြန်လာမှာပါ ကိုက မေဦးနဲ့ကိုသွေးဆီရောက်
အောင်ပြန်လာမှာ မေဦးသိနေတယ်"

"ကိုသိရမှဖြစ်မယ် သူဘာလို့လုပ်တာလဲ
  ဘာလို့ ကိုတို့ကိုပစ်မှတ်ထားနေတာလဲ
ဘာအငြိုးကြောင့်လဲ"

×××
သွေးအဝတ်အစား ထည့်နေရင်း

"မောင် ခရီးသွားမလို့လား"

"ဟုတ်တယ် မောင်ရှင်းစရာရှိတာသွားရှင်းရမယ်"

"မောင် ဘယ်ကိုသွားမှာလဲ မသွားရဘူး
မောင်တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"မောင် အဲ့အမျိုးသမီးဘယ်သူလဲဆိုတာကို သိရပြီ"

ရွှေရုပ် ခြေလှမ်းတို့ရပ်တန့်သွားပြီး ကျောက်ရုပ်လို
ရပ်နေမိသည်

ဆန်းကြယ်သောအချစ်Where stories live. Discover now