EP18

2.4K 215 2
                                    

"သွေးသစ်"

ထိုအသံကြောင့် သွေး ခြေလှမ်းတွေတောက်တုန်ခနဲ
ဖြစ်တဲ့အထိထိတ်လန့်သွားတယ်ဆိုရင် မမှားပါဘူး

(တကယ်ဆို မောင့်ဘဝမှာအမှားမှမလုပ်ထားခဲ့တာ
မောင်မလန့်သင့်ဘူးထင်တယ် မရယ်
ဒါပေမဲ့ မနဲ့ခွဲရမှာ မောင်ကြောက်တယ် မနဲ့ခနလေးဆိုလဲ ခနလေးအတူနေချင်တယ် မကိုမောင်ပျော်အောင်
တစ်ဘဝလုံးထားချင်တဲဆန္ဒလေးတော့မပြည့်နိုင်
တော့ဘူးပေါ့)

သူငယ်ချင်းများနဲ့ လုပ်ငန်းကိစ္စဆွေးနွေးရန် အအေးဆိုင်
မှာထိုင်စောင့်နေရင်း ဒေါ်ယုဇနကိုတွေလိုက်ရသည်

"အန်တီ ရန်ကုန်ရောက်နေတာလား
  ထိုင်ပါဦးအန်တီ"

"မင်းအဖေ ပြန်လာတော့မယ်ဆို
အဲ့တာသိလို့ အန်တီရန်ကုန်ဆင်းလာတာ
မင်းအဖေကို အပြစ်ပေးဖို့ အချိန်ကျလာပြီသွေးသစ်
အန်တီ မင်းအဖေကိုထောင်ထဲထည့်ဖို့စောင့်နေခဲ့တာ
မင်းကတော့ ငါ့သမီးလေးမနာကျင်ရအောင်အမြန်ဆုံး
ထွက်သွားပါ"

"အန်တီရယ် သွေး ဘာလုပ်ပေးရမလဲ အကုန်ပြောပါ
သွေးလုပ်ပေးပါ့မယ် သွေး မနားကထွက်မသွား
ပါရစေနဲ့နော်"

သွေးတောင်းပန်နေတာကြောင့် ဒေါ်ယုဇန လေသံမာ
ကနေ အနည်းငယ်ပြောင်းသွားသည်

"မရဘူးသွေးသစ် အန်တီ မင်းကိုတော့သနားပါတယ်
သမီးလေးနဲ့မဖြစ်နိုင်ဘူးလေကွယ် အနားကအမြန်
ထွက်သွားပေးပါ"

မနဲ့ဝေးဖို့တွေးလိုက်တိုင်း သွေးမျက်ရည်တွေဘယ်က
ရောက်လာမှန်းမသိတော့

"သွေးအရာအားလုံးပေးပါ့မယ်
သွေးအန်တီခိုင်းတာ ဘာမဆိုလုပ်ပေးပါ့မယ်
သွေးရဲ့အရာရာပေးပါတယ် အန်တီရယ်
မနားက ထွက်သွားရရင် သွေးသေမှာ"

"မင်းပြောရမခက်ပါနဲ့ သွေးသစ်
မင်းအဖေရဲ့ လုပ်ရပ်တွေကိုတွေးကြည့်ပါ
ငါ့ခင်ပွန်း ငါ့သမီး ငါတို့မိသားစုလေးအရာအရာ
ပျက်စီးခဲ့ရတာ ငါ့သမီးလေးတစ်ယောက်ထဲ
ဘယ်လိုရှင်သန်ခဲ့ရလဲ မင်းသိလို့လား"

သွေးသိပါသည် သွေးသိနေပါသော်လည်း တစ်ကိုယ်
ကောင်းဆန်ချင်သည် မနားကထွက်သွားရင်သွေးဘဝ
တွေးတောင် မတွေးရဲတာမို့ အမျိုးမျိုးတောင်းပန်မိ
နေခြင်းပါ
×××

ဆန်းကြယ်သောအချစ်Where stories live. Discover now