-2- The First Journey

960 121 0
                                    

Taehyung's POV
"ပါး...မား...မလုပ်နဲ့.....!!"

မောဟိုက်နေသောအသက်ရှူသံများဖြင့် Taehyungတယောက် လန့်နိုးခဲ့သည်.။ချွေးများလဲ တကိုယ်လုံးစိုရွှဲနေ၍ အသက်ကိုပင် မနဲရှူရသည်။ကုတင်ဘေးစားပွဲပုလေးပေါ်ရှိ ရေဘူးမှရေကို အမောပြေစေရန်သောက်လိုက်သည်။ထို့နောက် မျက်နှာသစ်သွားတိုက်ကာ နေ့သစ်ကို ကော်ဖီတခွက်ဖြင့်စတင်လိုက်လေသည်..။

ကော်ဖီသောက်ရင်း အခန်းပြတင်းပေါက်မှ ပြင်ပလောကကို ငေးနေမိသည်။ဤအခန်းမှ ​လူများသွားလာလှုပ်ရှားနေသည်ကို ယခုကဲ့သို့အားရပါးရကြည့်နေမိသည်မှာ သူ့အတွက်ဒါနောက်ဆုံးမို့ပင်။မကြာခင် ယခုနေထိုင်ရာ USမှ Koreaသို့ပြောင်းရွှေ့ရတော့မည်..အကြောင်းမှာ...လွန်ခဲ့သော ဆယ့်ငါးနှစ်တာပတ်လုံးသူ့အား ညတိုင်းနှောင့်ယှက်ခဲ့သော ဒီအိပ်မက်ဆိုးကြီးအား အဆုံးသတ်ချိန်ရောက်ပီမို့ပင်...။

<<Time Skip>>

Koreaမြေပါ်သို့ ခြေချမိသည်နှင့် Taeတယောက် ဇာတိလေကို ပြည့်ပြည့်ဝဝရှူလိုက်သည်။.'ဇာတိမြေ ဟက်'အတွေးဖြင့် Taeတယောက် ခနဲ့တဲ့တဲ့ ရီမိသည်။ငယ်ငယ်ထဲက ဒီနိုင်ငံကနေထွက်ခွာခဲ့၍ ဇာတိမြေဟူသောခံစားချက်သူ့တွင်မရှိ။ဒီမြေမှာ သံယောဇဉ်တွယ်ရာဟူ၍ သူ၏ ပါးနဲ့မားသာ ရှိသည်မဟုတ်လား..။

ထို့နောက် အတွေးတို့ရပ်ကာ Taxiတစီးငှား၍ Korea International Airportမှ Taehungတယောက် ထွက်ခွာခဲ့လေတော့သည်။

တိတ်ဆိတ်တဲ့ဟန်ရှိသော ရပ်ကွက်လေးတွင်းသို့ Taxiကားလေးဝင်ရောက်လာကာ ကွန်ဒိုတိုက်ရှေ့တွင်ရပ်လေသည်။Taehyungလဲ ကားပေါ်မှ အထုပ်များချကာ ထိုကွန်ဒိုတိုက်သို့ဝင်လေသည်။ထို့နောက် မိမိနေထိုင်ရမည့်အထပ်သို့ဓာတ်လှေကားဖြင့်တက်သွားလေသည်။

မိမိတိုက်ခန်းလေးထဲသို့ရောက်သော အခန်း၏အနေအထားကြောင့် တချက်ပြုံးမိသည်။ USကနေ onlineဖြင့်ဒီတိုက်ခန်းဝယ်ခဲ့သည့်မိမိဆုံးဖြတ်ချက်ကို ကျေနပ်နေမိသည်။ အခန်းလေးမှာ သိပ်ကျယ်သည်မဟုတ်သော်လဲ သူတယောက်နေနိုင်ရုံတော့ဖူလုံလှသည်။ အိပ်ခန်းတခန်း၊တယောက်စာချက်ပြုတ်နိုင်မည့်မီးဖိုချောင်၊ဧည့်ခန်းအငယ်စားလေးတခု နောက် အကျေနပ်ဆုံးအခန်းမှာ သူ၏အလုပ်ခန်းပင်ဖြစ်သည်။ မိမိပစ္စည်းများကို နေရာချထား၍ ရေချိုးအနားယူနေမိသည်။

FALSELY( TaeJin Fic)Where stories live. Discover now