-4- Coincidence or Artificiality

754 102 16
                                    

For Uni

Author's POV
ညနေလေးနာရီကျော်ငါးနာရီဆိုသောအချိန်သည် လူကုံထံအသိုင်းအဝိုင်းများပျော်ပါးရာ ဤပတ်ဝန်းကျင်တွက် ခေတ္တလူရှင်းချိန်ဖြစ်သည်။

ခဏကြာလျှင် တစ်တို့ တစ်တို့နှင့် လူများလာတော့မည်။ အထူးသဖြင့် TONIGHTဆိုသည့် Casinoတွင် ညဘက်အချိန်ရောက်လျှင် အစည်ကားဆုံးဖြစ်လေသည်။ ဆောင်းဝင်နေပီဖြစ်၍ မြောက်လေရူးများ တသုန်သုန် တိုက်ခတ်စပြုနေလေပီ။

ထိုချိန်တွင် TONIGHT Casinoမှ သတ်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတယောက်၊
သူ၏စူးရှထက်မြက်လှသော မျက်ဝန်းတစ်စုံမှာ ခံစားချက်ကင်းမဲ့နေပီး ခန့်မှန်းရခက်လှသည်။ရုပ်ရည်ကား ယုံချစ်စရာမကောင်းလောက်အောင် ခန့်ညားတည်တံ့လွန်း၍ ယောကျာ်းဆန်လှသည်။သို့သော် ထိုမျက်နှာပေါ်တွင်တော့ အရယ်အပြုံးဟူ၍ မတွေ့ရပဲ ခက်ထန်စွာ တည်ထားသည်။

ထိုချိန်တွင် TONIGHT Casinoမှ သတ်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတယောက်၊ သူ၏စူးရှထက်မြက်လှသော မျက်ဝန်းတစ်စုံမှာ ခံစားချက်ကင်းမဲ့နေပီး ခန့်မှန်းရခက်လှသည်။ရုပ်ရည်ကား ယုံချစ်စရာမကောင်းလောက်အောင် ခန့်ညားတည်တံ့လွန်း၍ ယောကျာ်းဆန်လှသည်။သို့သော် ထိုမျက်နှာပေါ်...

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

Shirtအကျင်္ီအဖြူပေါ်တွင် Blazerကုတ် ခဲရောင်ကိုထပ်၍ အမဲရောင် style pantsနှင့် လိုက်ဖတ်စွာဝတ်ဆင်ထားသော ထိုသူအား casinoဝန်ထမ်းများအားလုံးဦးညွှတ်လိုက်ကြသည်။ TONIGHT Gpဥက္ကဋ္ဌKimSeokJin၏ ဩဇာမှာ Casinoတဝိုင်းလုံးကိုလွှမ်းမိုးထားလေသည်။

​နောက်လိုက်တပည့်လေးရောက်ခြံရံ၍ သူ၏Limousineအနက်ရောင်ဇိမ်ခံကားကြီးနှင့် ခြံဝန်းထဲမှ ထွက်မည်အပြု အလုံပိတ်ကားတစီးမှ ပိတ်ရပ်ကာ မျက်နှာဖုံးများစွပ်ထားသည့် သေနတ်သမားများက Seokjinတို့ကားကိုဝန်းရံလိုက်သည်။ Jinတို့သည်လည်း ရုတ်တရက်အငိုက်ဖမ်းခံရ၍ ပြန်ခုခံလျှင်လဲ အင်အားမမျှသလိုဖြစ်နေသည်။

"ဒိုင်း!!ဒိုင်း!!ဒိုင်း!!"

ထိုစဉ် ရုတ်ချည်းဆိုသလို ဘယ်ကမှန်းမသိသော သေနတ်သံများထွက်လာသည်။ ကံကောင်းသည်မှာ ထိုသေနတ်ပစ်ချက်များသည် Seokjinတို့ကိုမရည်ရွယ်ပဲ မျက်နှာဖုံးနှင့်လူများကိုတရစပ်ပစ်နေခြင်းဖြစ်သည်။ ထိုသူတို့သည်လဲ အခွင့်မသာတော့၍ မိမိတို့ကားဆီသို့ အမြန်ပြေးတက်ကာ ထွက်ပြေးရလေတော့သည်။

FALSELY( TaeJin Fic)Tahanan ng mga kuwento. Tumuklas ngayon