1

917 52 1
                                    

မတ်လတစ်လျှောက်လုံး ရှန်းမြို့တော်တွင် မရပ်မနား မိုးရွာသွန်းခဲ့၏။နှစ်ပတ်လုံးလုံး မိုးဖွဲဖွဲလေးများ အဆက် မပြတ် ရွာသွန်းပြန်သည်။

မိန်းမအစေခံ ကျင်းလုသည် မွန်းလွဲပိုင်း ခေတ်တခန မှေးနေရာမှ နိုးလာခဲ့ကာ အခန်းကို ပတ်ကြည့်ပြီး ပျောက်သွားသည့် သခင်မလေးကို ရှာဖွေနေလေ၏။သူမရဲ့ အိပ်ချင်မူးတူးဖြစ်နေခြင်းက ချက်ချင်းပင်ပျောက်သွား​ေတာ့သည်။

အခုလေးတင် ​လေး​ယောက် မြောက်သခင်မလေးသည် တောင်ဘက်ခြမ်း ပြတင်းပေါက်ရှိ ကုတင်အိပ်ရာပေါ်တွင် မလှုပ်မယှက် အိပ်ပျော်နေသေးသည်။လူတစ်ယောက်က ဒီလိုမျိုး ဘယ်လိုတောင် ပျောက်သွားတတ်ကတာလဲ?သူမ အလျင်အမြန် မတ်တတ်ရပ်၍ ဆီစိမ် စက္ကူ
ထီးတစ်ချောင်းကိုယူကာ အပြင်သို့ထွက်လျက် ကျင်းကဲ နှင့် ကျင်းစီကို ခေါ်ပြီး တူတူရှာကြရန် ပြင်ဆင်လိုက်လေ၏။တံခါးဘောင်သို့ ခြေတစ်လှမ်းလှမ်းပြီးချိန်တွင် ကြမ်းပြင်ပေါ်မှာ ပုံလျက်သားထိုင်နေတဲ့ ၅နှစ်၆နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို သူမ တွေ့သည်။

မိန်းမငယ်လေးသည် ရွှေရောင် နှင့် ပန်းပွင့်များစွာရှိသော ဂါဝန်ကို စိမ်းလန်းစိုပြည်သော အစိမ်းရောင် အပေါ်အင်ကျီတစ်ထည် ထပ်ဝတ်ကာ တန်ဆာဆင်ထား၏။ဒီသေးငယ်သော လူလေးသည် ထူပြီး ရှည်လျားသော မျက်တောင်မွှေးများ လိုက်ဖက်လှသော ပန်းရောင်နှုတ်ခမ်းများနှင့် နူးညံ့သော ပုံရှိသည်။သူမသည် ကြွေထည်ရုပ်လေးနှင့် ဆင်တူလှပေ၏။သူမရဲ့ ဆံပင်တွေကို အောက်ဘက်တွင် ရွှေရောင်ခေါင်းလောင်းနှစ်ခု ပါသော အနီရောင် ပိုးချည် ဖဲကြိုးဖြင့် ထုပ်ပိုးစုချည်ထားသည်။အသံကြား၍ သူမ ခေါင်းကို လှည့်လိုက်သည်နှင့် သူမ၏ ရွေ့လျားမှုနှင့်အတူ ခေါင်းလောင်းလေးများကလည်း တချွင်ချွင်မြည်သွားလေသည်။

နေရောင်ခြည် အလင်းတန်းက တိမ်တွေကို ဖြတ်၍ တောက်ပပြီး ကြည်လင်သော ရေကန်ကိုကျနေသလိုမျိုး သူမ မျက်လုံးတွေက လှပပေသည်။

မိန်းမငယ်လေး မှန်မှန်ကန်ကန် ရှိနေသည်ကို သူမ မြင်သည့် အချိန်မှသာ ကျင်းလု စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့သည်။ညက်ညောသော သူမအသံသည် စိုးရိမ်သောက ကင်းသွားပြီး "သခင်မလေး ဘာကြောင့် အပြင်ကို ထွက်လာတာလဲ?အခုက မိုးရွာနေတယ်လေ သခင်မလေး ဂရုမစိုက်ဘူးဆိုရင် အအေးမိသွားမှာပေါ့"

Chongfei Manual(Myanmar Translation)Unde poveștirile trăiesc. Descoperă acum