Part - 6 (Final)

482 72 4
                                    

(Zawgyi)

မနက်ခင်းကိုအားအင်အပြည့်နဲ့ နိုးထလာတာကြောင့် ကိုယ့်ကိုကိုယ်ပင် အံ့ဩနေမိတယ်...။ ကျွန်တော့်ခြေထောက်မှာချည်ထားတဲ့ ကျောက်ပတ်တီးလဲ ရှိမနေတော့ပေ...။

ခပ်မျှင်းမျှင်းအသက်ရှူသံလေးနဲ့ ကျွန်တော့်ကလေးလေးကတော့ ကျွန်တော့်လက်မောင်းတစ်ဖက်ကို ခေါင်းအုံးလို့အိပ်နေခဲ့တယ်...။ သူ့လက်လေးကလဲ ကျွန်တော့်ကိုဖက်တွယ်ထားသည်ပဲ...။

ကျွန်တော့်ခေါင်းထဲချက်ချင်းဝင်လာတဲ့အတွေးက ညကထူးဆန်းတဲ့အိပ်မက်အကြောင်း...။ ခုကျတော့ကျွန်တော့်ကလေးက ဘာမှထူးထူးခြားခြားလဲ ပြောင်းလဲမနေပါဘူး...။ ထူးခြားနေတာကကျွန်တော်...။ အနည်းဆုံး၃လနားမှ သက်သာမယ်ဆိုတဲ့ ကျွန်တော့်ဒဏ်ရာတွေ...။

ဇဝေဇဝါနဲ့ပဲ ကျွန်တော်ခြေထောက်တွေကို မြှောက်ကြည့်မိတယ်...။ ခြေချောင်းတွေကိုလှုပ်ကြည့်မိတယ်...။ တကယ့်ကို လူကောင်းတစ်ယောက်အတိုင်းပါပဲ...။ နာကျင်မှုဘာတစုံတရာကိုမှ ခံစားမနေရပါ...။

"အစ်ကိုနိုးပြီလားဟင်....??"

ကလေးရဲ့အသံအစ်အစ်လေး ထွက်ပေါ်လာသလို သူ့မျက်ဝန်းလေးတွေကိုလဲ လက်လေးနဲ့ပွတ်နေပြန်တယ်...။ ကျွန်တော်လှုပ်နေလို့ သူလေးနိုးသွားတာနေမှာ...။

"ဆောရီးကလေး... အိပ်ရေးပျက်သွားမှာပေါ့... ကိုယ်အရမ်းအံ့ဩနေလို့လေ... ကိုယ့်ဒဏ်ရာတွေ ဘာလို့ပျောက်သွားတာလဲလို့"

"အစ်ကိုညက ကျွန်တော့်ရဲ့ပုံစံအမှန်ကို တွေ့ပြီးပြီမလား...?? တကယ်တော့ ကျွန်တော့်ရဲ့မြေခွေးအမြူတေနဲ့ အစ်ကို့ဒဏ်ရာတွေကို ကုပေးခဲ့တာလေ"

"ဟင်....???"

အိပ်မက်လို့ထင်နေခဲ့တာက တကယ်တဲ့လား...?? သံသယဖြစ်စရာတော့ မရှိဘူးပဲ...။ ယူပစ်သလိုပျောက်ကင်းသွားတဲ့ ကျွန်တော့်ဒဏ်ရာတွေက အကောင်းဆုံးသက်သေပဲလေ...။

"ကျွန်တော့်ကိုကြောက်သွားပြီမလား...?? ဟုတ်ပါတယ် အစ်ကို... ကျွန်တော်က လူသားတစ်ယောက်မဟုတ်ပါဘူး... မြေခွေးတစ်ကောင်ပါ... နှစ်ပေါင်းများစွာ အသက်ရှည်လာရာကနေ ခုလိုလူအသွင်ယူလို့ရတဲ့အထိ တန်ခိုးရှိလာတာပါပဲ... ပြီးတော့တခါက အစ်ကိုကယ်ပေးဖူးတဲ့ မြေခွေးဖြူကလဲ ကျွန်တော်ပါပဲ"

❄~Blizzard~❄ (Completed) Where stories live. Discover now