Part - 2

7.3K 682 19
                                    

[ အသည်းခွဲအေဂျင်စီ ]

အလုပ်အေဂျင်စီတွေပေါများနေသည့်ကြားထဲမှ လတ်တလောအအောင်မြင်ဆုံးအေဂျင်စီကတော့ အသည်းခွဲအေဂျင်စီပဲဖြစ်ပါတယ်။

"ရိပေါ်ရေ အလုပ်အပ်တဲ့သူ"

အေဂျင်စီတစ်ခုလုံးထဲမှာ အတော်ဆုံးအသည်းခွဲပေးတဲ့သူကတော့ ရုပ်ရည်ရူပကာ ချောမောလှပ အဲလေ
ချောမောခန်ညားတဲ့ဝမ်ရိပေါ်ပဲဖြစ်ပါတယ်။

" ဒီကအမကိုဘာများကူညီပေးရမလဲ"

"သစ္စာမရှိတဲ့ကောင်ကိုလမ်းခွဲချင်လို့ ချစ်သူလာငှားတာ"

အသည်းခွဲအေဂျင်စီမှာ ချစ်သူငှားရမ်းလို့လည်းရပါသေးတယ်။
ကြေးတော့နည်းနည်းမြင့်တာပေါ့။

ဘွဲ့ရပြီးသည့်တိုင် အလုပ်မရှိသောရိပေါ်တစ်ယောက် လက်ကမ်းကြေငြာမှာတွေ့ခဲ့တဲ့ အေဂျင်စီမှာအလုပ်လျောက်ရင်း အခုလိုပရိုကျကျနေရာတစ်ခုရသွားခြင်းဖြစ်သည်။

" အမနဲ့ဟန်ဆောင်တွဲပေးရမှာလား ဒါမှမဟုတ်"

"မလိုဘူး သူ့ရှေ့သွားပြီး  စိတ်မဝင်စားတော့ဘူး ငါ့ချစ်သူကနင်လို့ပြောပြီး လမ်းခွဲခိုင်းလိုက် အဲ့ဒါပဲ"

သမီးရည်းစားကိစ္စတွေကို နားကိုမလည်နိုင်တာပါ။
ပိုက်ဆံအကုန်ခံပြီး တစ်ဆင့်ခံလမ်းခွဲခိုင်းရတယ်လို့။

"ကျွန်တော်သွားရမယ့် နေရာရဲ့လိပ်စာ သူ့ရဲ့ပုံစံကိုတစ်ချက်လောက်ပြောပေးခဲ့ပါ"

" ဒီည ---- မှာ ---- မျိုး "

"ဒီမှာပိုက်ဆံတစ်ခါတည်းရှင်းခဲ့မယ်နော် စောက်ကောင်ကိုတစ်သက်မကျေဘူး"

ဒေါကန်ပြီးထွက်သွားတဲ့မိန်းကလေးကို တရားပေါက်နေတဲ့ပုံစံနဲ့ကြည့်မိသည်။

အတွဲတွေကမကောင်းဘူး ချစ်သူမရှိတာတကယ်ကိုကံကောင်းတာပဲ။

"ရိပေါ် မင်းကိုဘာအလုပ်အပ်သွားလဲ ငါတော့ကောင်မလေးတစ်ယောက်ကို သွားချော့ပေးရမယ့်အလုပ်ရလာတယ်ကွာ "

"ငါကတော့ဘားတစ်ခုကိုသွားရုံပဲ"

"ကောင်းပကွာ ငါသွားပြီ"

F**k You , Love You [ ZhanYi ] [ COMPLETED ]Where stories live. Discover now